မွေးရပ်မြေက ရေဘေးဒုက္ခသည်တွေကို နံနက်စာလှူဒါန်းခဲ့တဲ့ ထွန်းကိုကို
မွေးရပ်မြေပဲခူးတွင်
ရေ ဘေးအန္တရာယ်ကြုံတွေ့ပြီး နေ အိမ်များစွန့်ခွာခဲ့သည့် ဒုက္ခသည် များအား
ဩဂုတ် ၇ ရက် နံနက်က သွားရောက်လှူဒါန်းဖြစ်ခဲ့ကြောင်း ထွန်းကိုကိုက ပြောသည်။ ‘‘ပဲခူးမှာ ဟိုးအရင်တုန်း က တော့ ရေကြီးတယ်၊ တူးမြောင်း လုပ်ပြီးကတည်းက
ရေမကြီးတာ ၂ နှစ်လောက်ရှိပြီ ခုနှစ်မှပြန်ဖြစ် တာ။ သူတို့တွေလည်း ထင်မထား
ဘူးဆိုတော့ ဒုက္ခသည်တွေအရမ်း များတယ်။ ကျွန်တော်လည်း ပဲခူး ရောက်နေတုန်း
ညကရေတက် တယ်ဆိုလို့သွားကြည့်တော့ ဒုက္ခ သည်စခန်းမှာ လူတော်တော်များ
များတွေ့ရတယ်။ အဲဒါနဲ့ သူတို့ အတွက် နံနက်စာကို ညတွင်း ချင်းစီစဉ်ပြီး
သွားလှူဖြစ်တာ’’ဟု ၎င်းက ပြောသည်။
ဒုက္ခသည် ၅၀၀ ခန့်ရှိသည့် ရွှေနံ့သာဘုန်းတော်ကြီးကျောင်း တွင် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး အခြား ရေဘေး ဒုက္ခသည်စခန်းများရှိ သေးသော်လည်း အလုပ်ကိစ္စများ ကြောင့် ရန်ကုန်သို့ပြန်ခဲ့ရကြောင်း ၎င်းက ဆိုသည်။
‘‘ပဲခူး-ရန်ကုန်လမ်းမပေါ် မှာပါ ရေကြီးတာ။ ကျွန်တော်ပြန် လာတာတောင် နေပြည်တော် အမြန်လမ်းဘက်ကနေပတ်ပြီး ပြန်လာရတယ်’’ဟု ထွန်းကိုကိုကပြောသည်။ ‘‘ဗီဒီယိုရှစ်ကားလောက် တော့ ရိုက်ပြီးပြီ။ ဇာတ်ကားတွေ တော့ ထွက်မလာသေးဘူး။ ဒီနှစ် အတွင်းမှာတော့ ပရိသတ်ရှေ့ကို ရောက်လာ မယ်ထင်ပါတယ်’’ဟု ထွန်းကိုကိုက ပြောသည်။

No comments:
Post a Comment