Tuesday, July 22, 2014


အမေရိကန်ရေတပ်စစ်ရေးလေ့ကျင့်မှုတွင် တရုတ်ရေတပ်ပူးပေါင်းပါဝင်
အမေရိကန်နိုင်ငံ ဟာဝိုင်ရီတွင် ပြုလုပ်လျက်ရှိသော အမေရိကန်ရေတပ်၏ စစ်ရေးလေ့ကျင့်မှုတွင် တရုတ်ရေတပ်မှ ပူးပေါင်းပါဝင်နေကြောင်း ဆင်ဟွာသတင်းဌာနက ယနေ့ဖြော်ပသည်။ စစ်ရေး လေ့ကျင့် မှုတွင် ပူးပေါင်းပါဝင်နေသည့် သင်္ဘောမှာ ကင်းထောက်သင်္ဘောဖြစ်သည်ဟု တရုတ်ရေတပ်က သတင်းထုတ်ပြန်သည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် တရုတ်နိုင်ငံအပါ အ၀င် နိုင်ငံပေါင်း ၂၂ နိုင်ငံမှ ရေတပ်များပါဝင်နေကြောင်း၊ ကမ်းတက်လေ့ကျင့်ရေးများနှင့် ရေကြောင်း စစ်ပွဲ လေ့ကျင့် ခန်းများ ပြုလုပ်မည်ဖြစ်ကြောင်း ဆင်ဟွာက ဖော်ပြသည်။

No comments:

Post a Comment

back to top