Tuesday, July 22, 2014

တောင်ကိုရီးယား ပေါ့ပ်အဆိုတော် ဘတ်ဂျီယောင်း၏ ဂီတဖျော်ဖြေပွဲ ကို စက်တင်ဘာလတွင် ကျင်းပမည် 

တောင်ကိုရီးယား ပေါ့ပ် အဆိုတော် ဘတ်ဂျီယောင်းသည် "2014 Baek Ji Young Show" ဟု အမည် ပေးထားသောသူမ၏ ဂီတ ဖျော်ဖြေပွဲကို ဆိုးလ်မြို့ရှိ အိုလယ် အားကစား ကွင်း၌ စက်တင်ဘာ ၂ဝ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
မိနစ် ၁၂ဝ ကြာကျင်းပမည့် ဘတ်ဂျီယောင်း၏ တေးဂီတဖျော်ဖြေပွဲသည် ၁၅နှစ်တာ ကာလ အတွင်း ပထမဆုံးအကြိမ် ပွဲဦးထွက် ဖျော်ဖြေ တင်ဆက်မှု ဖြစ်သည်။
ဂျီယောင်းသည် အဆိုပါ ဂီတ ဖျော်ဖြေပွဲတွင် သူမ၏ အလွမ်းဂီတ သံစဉ်များ၊ မေတ္တာဖွဲ့သီချင်းများနှင့် ညှို့အား ပြင်းထန်သည့် အကများကို ပရိသတ်များ သဘောကျ နှစ်သက်အောင် ဖျော်ဖြေသွား မည် ဖြစ်ကြောင်း သိရသည်။ "2014 Baek Ji Young Show" ဂီတဖျော်ဖြေပွဲ လက်မှတ်များကို ဇူလိုင် ၁၆ ရက်မှစ၍ Interpark ဝက်ဘ်ဆိုက်တွင် ရောင်းချ လျက်ရှိကြောင်း သိရသည်။

 

No comments:

Post a Comment

back to top