၂၀၁၄ခုနှစ်၊ဇူလိုင်၊(၁၈)ရက်၊ နေ့ လည် (၁၅၀၀)နာရီ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ရုံးခန်းမတွင် ဗဟို/တိုင်း/ခရိုင်/မြို့ နယ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်း ဒေသကြီးပါတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  ၀န်ကြီးချုပ် ဦးမြင့်ဆွေ၊ ဗဟိုကော် မတီဝင်များဖြစ်သော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးစိန်တင်ဝင်း၊ရန်ကုန်မြို့ တော်ဝန် ဦးလှမြင့်၊ ရန်ကုန်တိုင်း ဒေသ ကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတင်အောင် ၊ ရန်ကုန်တိုင်းဒေသကြီးဘဏ္ဍာရေး ၀န်ကြီး ဒေါ်စန်းစန်းနွယ် နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင် ၀န်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်းနှင့် တိုင်းဒေသကြီး ပါတီ ကော်မတီဝင်များ ၊ ခရိုင်လေးခု မှ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ မြောက်ပိုင်းခရိုင်အတွင်းရှိ မြို့ နယ်များမှ အတွင်းရေးမှူး များနှင့် ကော်မတီ ၀င် များ တက်ရောက်သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေး တွင် တိုင်း/ခရိုင်/မြို့ နယ် ပါတီများက ပါတီ၏ လုပ်ငန်းများ အကောင်အထည်ဖေါ်ဆောင် ရွက်နေမှုများတင်ပြဆွေးနွေးခြဲ့ ကသည်။ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ မှ ရန်ကုန်တိုင်းဒေသကြီး ပါတီ အနေဖြင့် တိုင်းဒေသ ကြီးအဆင့် တောင်သူလယ်သမား၊ အလုပ်သမား၊ လူငယ်ဖိုရမ် ကျင်းပရေး နှင့် မြို့ နယ်ပါတီများအနေဖြင့် အလွှာအသီးသီးရှိ လူငယ် များ၏ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးနှင့် ကူညီဆောင်ရွက်ပေး နိုင်ရေးတို့ အတွက် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment