Wednesday, July 23, 2014

ဂျာမနီ ဗီဇာ လျှောက်ထား လိုသူများသည် ကြိုတင် ဗီဇာ လျှောက်ထားရန် အွန်လိုင်းမှ အခမဲ့ ရယူ

မြန်မာနိုင်ငံအတွင်းရှိ ဂျာမနီဗီဇာ လျှောက်ထားသူများ အနေနှင့် အွန်လိုင်းရက်ချိန်းယူ စနစ်ဖြင့် လျှောက်ထား ရာတွင် လျှောက်ထားခများ ပေးအပ်ရန်မလိုကြောင်း ဂျာမနီသံရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ ဇွန်လကုန်မှစ၍ မြန်မာနိုင်ငံအတွင်း အွန်လိုင်းဗီဇာစနစ်ကို စတင်ကျင့်သုံးလျက်ရှိပြီး ဗီဇာ လျှောက်ထားခြင်းများကို အွန်လိုင်း ရက်ချိန်းယူစနစ် Appointment System ဖြင့် လျှောက်ထားနိုင်ပြီ ဖြစ် ကြောင်း၊ ထို့ကြောင့် ဂျာမနီဗီဇာ လျှောက်ထားလိုသူများသည် ကြိုတင်ဗီဇာ လျှောက်ထားရန်အတွက် အွန်လိုင်းမှ အခမဲ့ရယူနိုင်ကြောင်း သိရသည်။
အွန်လိုင်းဗီဇာစနစ် စတင်ကျင့်သုံးနေသော်လည်း ဇူလိုင်နောက်ဆုံးပတ် အတွင်းမှသာ လျှောက်ထားနိုင်မည် ဖြစ်ကြောင်း၊ အွန်လိုင်းဗီဇာအတွက် ရက်ချိန်းမယူမီတွင် ပေးထားသည့် အချက်အလက်များကို သေချာစွာ ဖတ်ရှုရန် လိုအပ်ကြောင်း၊ ယခုအချိန်တွင် ဂျာမနီဗီဇာ လျှောက်ထားလိုသူ အများအပြား ရှိနေပြီး ဗီဇာ လျှောက်ထားပုံ နည်းစနစ်များ သိရှိရန် စုံစမ်းမေးမြန်းမှုများ ပြုလုပ်နိုင်ကြောင်း သိရသည်။
လျှောက်ထားလိုသူများ အနေဖြင့် ဂျာမနီသံရုံး ဝက်ဘ်ဆိုက်ဖြစ်သည့် www.ran gun.diplo.de တွင် ဝင်ရောက် လျှောက်ထားရမည် ဖြစ်ကြောင်း၊ ယင်းကဲ့သို့ Online Appointment System ကို အသုံးပြုခြင်း အားဖြင့် ဗီဇာလျှောက်ထားသူများ အနေနှင့် သင့်တော်သော ရက်ချိန်းကို အဆင်ပြေစွာ ရယူနိုင်မည် ဖြစ် ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment

back to top