Monday, July 7, 2014

အပစ်အခတ်ရပ်စဲရေးပြန်လည်ဆွေးနွေးဖို့ သဘောတူခဲ့သည့် ယူကရိန်း


 ယူကရိန်း၊ ရုရှား၊ ပြင်သစ်နဲ့ ဂျာမနီက နိုင်ငံခြားရေးဝန်ကြီးတွေဟာ ယူကရိန်းအရှေ့ဘက်ဒေသ အပစ်အခတ်ရပ်စဲရေး ပြန်လည်ဆွေးနွေးနိုင်ဖို့ ဘာလင်မြို့မှာအရေးပေါ်အစည်းအဝေး တစ်ရပ်ကျင်း ပခဲ့ပါတယ်။ ဂျာမနီနိုင်ငံဘာလင်မြို့မှာ အင်္ဂါနေ့ကကျင်းပခဲ့တဲ့ လုံခြုံရေးအစည်းအဝေးတစ်ခုအတွင်း ယူကရိန်း၊ရုရှား၊ပြင်သစ်နဲ့ ဂျာမနီနိုင်ငံခြားရေးဝန်ကြီးတွေဟာ ယူကရိန်း၊အရှေ့ဘက်ဒေသ အပစ်အခတ်ရပ် စဲရေးနဲ့ ပတ်သက်ပြီး ပြန်လည်ဆွေးနွေးနိုင်ဖို့ ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲအပြီးမှာတော့ ဥရောပလုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ က စောင့် ကြည့်နေတဲ့ နောက်ထပ်အပစ်အခတ်ရပ်စဲရေးကို တနင်္ဂနွေနေ့ ထက်နောက်မကျဘဲ ပြန် လည်ဆွေးနွေးသွားကြမယ်လို့ နိုင်ငံခြားရေးဝန်ကြီးတွေက ကြေညာခဲ့ကြပါတယ်။ အဆိုပါဆွေးနွေးပွဲ မှာ လေးနိုင်ငံဝန်ကြီးတွေက ယူကရိန်းနယ်စပ် လုံခြုံရေးအစောင့်တွေဟာ အပစ်ခတ်ရပ်စဲရေးစတင် လိုက်တာနဲ့ ရုရှားစစ်သားတွေနဲ့ပူးပေါင်းပြီး နယ်စပ်ကိုထိန်းချုပ်ရမှာဖြစ်တယ်လို့ သဘောတူညီခဲ့ကြပါ တယ်။ ဒါပေမယ့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို မကြာခင်မှာစတင်နိုင်မလားဆိုတာတော့ မရှင်းလင်းသေးပါဘူး။
(၁၀)ရက်ကြာအပစ်ခတ်ရပ်စဲရေး သဘောတူညီချက် တနင်္လာနေ့မှာကုန်ဆုံးပြီးတဲ့နောက် ယူကရိန်း အစိုးရဟာ ရုရှားလိုလားသူခွဲထွက်ရေးသမားတွေကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ စတင်ခဲ့တဲ့အတွက် ယူကရိန်းအရှေ့ပိုင်းက တိုက်ခိုက်မှုတွေကတော့ ပြင်းထန်လျက်ရှိနေပါတယ်။ လက်ရြှိုဖစ်ပွားနေတဲ့ တိုက်ပွဲမှာ ရုရှားလိုလားသူ လက်နက်ကိုင်(၁၀၀၀)ခန့် သေဆုံးခဲ့တယ်လို့ စစ်ဘက်ကကြေညာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေးကာလ ကျော်လွန်တာနဲ့ သူပုန်တွေကိုချက်ချင်း တိုက်ခိုက်ခဲ့တဲ့အတွက် ယူကရိန်းကိုရုရှားနိုင်ငံကဝေဖန်ခဲ့ပြီး ကိဗ်မြို့ အစိုးရကတော့ ရုရှးလိုလားသူတွေ ကို ထောက်ပံ့တဲ့အတွက် မော်စကိုပြန်လည်အပြစ်တင်ထားတယ်လို့လည်း သိရပါတယ်။

No comments:

Post a Comment

back to top