Tuesday, July 22, 2014

(၅)ကီလိုမီတာ အပတ် (၁၀၀)ပြေးပွဲမှာ အိုင်အိုဝါ ကျောင်းသားတွေ စံချိန်သစ် တင်

 
အမေရိကန် ပြည်ထောင်စု အိုင်အိုဝါပြည်နယ် အထက်တန်းကျောင်းက ကျောင်းသားတွေဟာ (၅)ကီလိုမီတာ အပတ်(၁၀၀) ပြေးပွဲစံချိန်သစ်ကို တနင်္ဂနွေနေ့က တင်လိုက်ပါတယ်။ သူတို့အုပ်စုဟာ သူတို့ဒေသတွင်းက ဂျွန်စတန် အထက်တန်းကျောင်း ပြေးခုန်ပစ်ကွင်းမှာ စံချိန်တင်လိုက်တာဖြစ်ပြီး (၅)ကီလိုမီတာကို ပထမဆုံးပြေးတဲ့ အပြေးသမားဟာ သောကြာနေ့ညမှာ စတင်ပြေးပါတယ်။ သူက (၅)ကီလိုမီတာ တစ်ပတ်ပြည့်တဲ့ အချိန်မှာ နောက်အပြေးသမား တစ်ဦးကို တုတ်လက်ဆင့် ကမ်းပေးလိုက်ပါတယ်။ အဲဒီလို လက်ဆင့်ကမ်းပြေးကြပြီး နောက်ဆုံး အပတ်(၁၀၀)မြောက် အပြေးသမားက (၂၈)နာရီနဲ့ စံချိန်သစ် တင်လိုက်တာ ဖြစ်ပါတယ်။ စံချိန်ဟောင်းကို တောင်ကာရိုလိုင်းနား အပြေးကလပ်က တင်ထားတာဖြစ်ပြီး သူတို့စံချိန်ထက် အခုစံချိန်သစ်က (၂)နာရီ ပိုမြန်ခဲ့ပါတယ်။

No comments:

Post a Comment

back to top