အင်္ဂလန် ယော့ခ်ရှိုင်းယားမှာ ပထမဆုံး ကျင်းပမယ့် တိုးဒီဖရန့် စက်ဘီး ပြိုင်ပွဲအတွက် ပြင်ဆင်

လာမယ့်စနေနေ့၊ ဇူလိုင်(၅)ရက်မှာ စတင်ကျင်းပမယ့် တိုးဒီဖရန့် စက်ဘီးစီး ပြိုင်ပွဲအတွက် ဒေသခံတွေ စိတ်လှုပ်ရှားစွာနဲ့ ပြင်ဆင်နေကြပါတယ်။
(၁၀၁)ကြိမ်မြောက် ပြိုင်ပွဲအဖြစ် ကျင်းပမယ့် ဒီနှစ်တိုးဒီဖရန့်ပြိုင်ပွဲဟာ အင်္ဂလန်နိုင်ငံ မြောက်ပိုင်းက ယော့ခ်ရှိုင်းယား ဒေသအတွက် ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ပွဲဖြစ်လို့ အခုလို စိတ်လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။ တောင်တန်းတွေနဲ့ သာယာလှပတဲ့ ယော့ခ်ရှိုင်းယားဒေသမှာ အခုတော့ အိမ်တွေရဲ့ မျက်နှာစာတွေမှာ ပြိုင်ပွဲနဲ့ပတ်သက်တဲ့ အရာတွေနဲ့ အလှဆင်ထားသလို ပြိုင်ပွဲကို လာကြည့်မယ့် ဧည့်သည်တွေကို စွဲဆောင်နိုင်ဖို့လည်း ကြိုးစားနေကြပါတယ်။ ၀ါရင့် စက်ဘီးစီးသမားဟောင်းကြီး တစ်ဦးကတော့ ”တိုးဒီဖရန့်လို ပြိုင်ပွဲမှာ ယှဉ်ပြိုင်ရတာ တကယ့်ကိုရင်ခုန်စရာပါ။ တစ်ရက်ပြီးတစ်ရက် အံ့သြစရာတွေနဲ့ ပြည့်နှက်နေပါတယ်။ ဘောလုံးသမားတွေ မနားမနေ ပြေးလွှားကစား နေသလိုမျိုးပါပဲ”လို့ ပြောကြားခဲ့ပါတယ်။ ဒေသခံ လယ်သမားတစ်ဦးဖြစ်တဲ့ ကိတ်ချက်ပ်မန်းကလည်း သူမွေးထားတဲ့ သိုးတွေကို စက်ဘီးစီးသမားတွေ ၀တ်ဆင်တဲ့ အင်္ကျီအရောင်မျိုး ဆေးခြယ်ပေးထားပြီး ခရီးသွားဧည့်သည်တွေနဲ့ အိမ်နီးချင်းတွေ ဆန်းသစ်တဲ့အမြင် တွေရစေဖို့ပါလို့ ဆိုပါတယ်။
No comments:
Post a Comment