" အနုပညာပျိုးခင်း’’မှာ လျှောက်ဖို့ စဉ်းစားနေတဲ့ ရွှေသမီး
အနုပညာပျိုးခင်း၏
ဒုတိယမြောက်အစီအစဉ်တွင် လျှောက်ထားစေလိုကြောင်း ခန့် စည်သူက ပြောသဖြင့်
မိဘများ နှင့် တိုင်ပင်နေကြောင်း ရွှေသမီး ကပြောသည်။
‘‘ကိုခန့်တို့ကတော့ ညီမကို ၀င်ပြီး လျှောက်စေချင်တယ်။ လောလောဆယ်တော့ မိဘတွေ နဲ့တိုင်ပင်နေတယ်’’ဟု ၎င်းက ပြောသည်။ လတ်တလောအနုပညာလှုပ်ရှားမှုအနေဖြင့် ခန့်စည်သူ ဒါရိုက်တာအဖြစ် ရိုက်ကူးသည့် ဗီဒီယိုတစ်ကားတွင် ပါဝင်သရုပ် ဆောင်ခဲ့ပြီး လုပ်ကွက်လည်း ရသလို ပညာလည်းရသည့် ဇာတ် ကားတစ်ကားဖြစ်ကြောင်း ရွှေ သမီးကပြောသည်။
‘‘ဒီကားက ညီမအတွက် ပထမဆုံးဒရာမာကားလို့ပြောလို့ရ တယ်။ ဇာတ်ရုပ်ကလည်း ကျောင်းသူပုံစံနဲ့ အိမ်ထောင်ရှိတဲ့ ယောက်ျားတစ်ယောက်ကို အိမ် ထောင်ရှိမှန်းမသိဘဲ ချစ်မိသွား တဲ့ ပုံစံလေးပါ’’ဟု ၎င်းကပြော သည်။ ယင်းဇာတ်ကားတွင် ခန့် စည်သူ၊ စိုးမြတ်သူဇာတို့နှင့် တွဲဖက်သရုပ်ဆောင် ခဲ့သည်။မကြာမီတွင်လည်း ခန့်စည်သူ နှင့်အတူ ပုပ္ပားဘက်၌ ဗီဒီယို ဇာတ်ကားတစ်ကားသွားရောက် ရိုက်ကူးရန် အစီအစဉ်ရှိကြောင်း ၎င်းကပြောသည်။

No comments:
Post a Comment