Monday, July 7, 2014

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ မိန်းကလေး တစ်ယောက် အဖြစ် သရုပ်ဆောင်ချင်တဲ့ အေးချမ်းမိုး 

မော်ဒယ်လ်၊ အစီအစဉ် တင်ဆက်သူ အပြင် ဇာတ်လမ်းတွဲပါ ရိုက်ကူးနေတဲ့ အေးချမ်းမိုးက ကိုယ့်ကိုယ်ကို ယုံကြည် မှုရှိတဲ့ မိန်းကလေး တစ်ယောက် အဖြစ်သရုပ်ဆောင် ချင်တယ်လို့ ဆိုပါ တယ်။ ''အစ်မက ဇာတ်လမ်းတိုတွေမှာ သရုပ်ဆောင်ဖူးတယ်။ ပညာပေးကားတွေမှာ သရုပ်ဆောင်ဖူးတယ်။ သရုပ်ဆောင်တိုင်းတော့ ကိုယ့်ကိုယ်ကိုယ် အားရတယ်လိုတော့ မရှိပါဘူး။ သင်ယူမှုတွေ အများကြီး လိုသေးတယ်။ အတွေ့အကြုံတွေ အများကြီး လိုသေးတယ်'' ဟု သူမက ပြောပြခဲ့ပါတယ်။
သရုပ်ဆောင် ဖြစ်ဖို့ ကြိုးစားနေတဲ့ အေးချမ်းမိုးက လက်ရှိမှာတော့ ကျောင်းတက်ရင်း တခြား အနုပညာနဲ့ ဆက်စပ်တဲ့ လှုပ်ရှားမှုလေးတွေ လုပ်နေကြောင်းကို . . .''အစ်မအခုလက်ရှိကတော့ ကျောင်းတက်ရင်းနဲ့ အစီအစဉ် တင်ဆက်သူအဖြစ် လုပ်နေတယ်။ နောက်ပြီး မဂ္ဂဇင်း၊ ဂျာနယ်တွေ အတွက် ဓာတ်ပုံ ရိုက်ပေးနေတယ်။ အစီအစဉ် တင်ဆက်သူ လုပ်ဖြစ်တဲ့ အကြောင်းကတော့ အစ်မ ဆရာမတီ ချယ်မိုးက ဒီလောကထဲကို ဆွဲခေါ် လာတာပါ''ဟု သူမက ပြောပြခဲ့ပါတယ်။
အစီအစဉ် တင်ဆက်သူ အဖြစ် သင်တန်းတက် ထားတာ မရှိပေမယ့် မတင်မိုးလွင်ရဲ့ သင်ပြမှုတွေနဲ့ ဆက်လုပ် ဖြစ်တာလို့ ဆိုပါတယ်။ အနုပညာ အလုပ်တွေက သူ့အတွက်တော့ ခက်ခက်ခဲခဲ ကျော်ဖြတ်ရတဲ့ အဆင့်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
''အစ်မ မော်ဒယ်လ် အလုပ်လုပ်ချင်တုန်းကလည်း မော်ဒယ်လ်အလုပ်က အရမ်းခက်ခဲတယ်။ Miss ပြိုင်ပွဲတွေ ဝင်ပြိုင်တဲ့အခါ အဆင်မပြေဘူး။ ကိုယ့်မှာ လိုအပ်ချက်တွေ အများကြီး ရှိပါသေးတယ်။ ဒါပေမဲ့ အဲဒီလိုမျိုး ကိုယ်ရဲ့လိုအပ်ချက်တွေ ပြင်ရင်း ပြင်ရင်းနဲ့ နောက်ပိုင်း Miss ဆုတွေ ရလာတယ်'' လို့ ဆိုပါတယ်။ အစီအစဉ် တင်ဆက်သူ ဖြစ်လာဖို့ကလည်း သူ့မအတွက် အတော်လေး ကြိုးစား ခဲ့ရတယ်လို့ အေးချမ်းမိုးက ပြောပြ ခဲ့ပါတယ်။

No comments:

Post a Comment

back to top