ပရိသတ်ကို ခံစားမှုအသစ်ပေးမယ့် ၀တ်မှုံရွှေရည်
‘‘နင်စေရင်’’နှင့် ‘‘မော် ဒန်ရာဇ၀င်’’ဇာတ်ကားများကို ပရိ
သတ်အားပေးခဲ့သလို မကြာမီရုံ တင်မည့် ‘အဆုံးမဲ့ အချစ်’ဇာတ် ကားသည်လည်း
ပရိသတ်များကို ခံစားချက်အသစ်ပေးစွမ်းနိုင်မည် ဟု ယုံကြည်ကြောင်း ၀တ်မှုံရွှေရည်ကပြောသည်။
‘‘ကစ်သရုပ်ဆောင်ထားတဲ့ နင်စေရင်၊ မော်ဒန်ရာဇ၀င်နဲ့ နောက်တင်မယ့်
အဆုံးမဲ့အချစ် ရယ် သုံးကား ဆက်တိုက်ရုံတင် ပေမယ့် တစ်ကားနဲ့ တစ်ကား
ဇာတ်လမ်းရော၊ ကာရိုက်တာရောလုံးဝမတူပါဘူး။ အဆုံးမဲ့ အချစ် ဇာတ်ကားဆိုရင်လည်း
ပရိသတ် တွေအတွက် ခံစားမှုအသစ်ပေး နိုင်မယ်လို့ထင်တယ်’’ဟု ၎င်းက ပြောသည်။
အဆုံးမဲ့အချစ်ဇာတ်ကား သည် မြန်မာဇာတ်ကားအနေဖြင့် ပရိသတ်များ
ကြည့်ဖူးနေကျ မဟုတ်သည့် ဇာတ်လမ်းဖြစ်သော ကြောင့် ပရိသတ်များကြိုက်မည်
ယူဆပြီး ယင်းဇာတ်ကားကို ၎င်း ကိုယ်တိုင်ပြန် လည်ကြည့်ရှုသည့် အချိန်တွင်လည်း
ခံစားမှုအသစ် တစ်ခုကို ခံစားခဲ့ရကြောင်း အဆုံး မဲ့အချစ်ရုပ်ရှင် အထူးပွဲတွင်
ဝတ် မှုံရွှေရည်ကပြောသည်။
ယင်းဇာတ်ကား၌ မတူညီ သည့်ခေတ်နှစ်ခေတ်တွင် ဇာတ် ရုပ်တစ်ခုစီဖြင့်
ပါဝင်သရုပ် ဆောင်ထားပြီး ဇာတ်ရုပ်နှစ်ခုကွဲ ပြားမှုရှိစေရန် ဒါရိုက်တာ၊ အတူ
သရုပ်ဆောင်သည့် မင်းသားများ နှင့်တိုင်ပင်ကာ အ၀တ်အစားက အစ
သေသေချာချာပြင်ဆင်ရိုက် ကူးခဲ့ကြောင်း ၀တ်မှုံရွှေရည်က ပြောသည်။ ယင်းဇာတ်ကားတွင် ၀တ် မှုံရွှေရည်နှင့်အတူ ဝေဠုကျော်၊ နေတိုးတို့
ပါဝင်သရုပ်ဆောင် ထားပြီး သြဂုတ်လဆန်းပိုင်း၌ ရန်ကုန်နှင့် မန္တလေးမြို့ရှိ
ရုပ်ရှင် ရုံများတွင် စတင်ရုံတင်ပြသမည် ဖြစ်သည်။
No comments:
Post a Comment