Tuesday, July 22, 2014

အောင်မြင်မှုများနှင့် ဆုံစည်းခဲ့သည့် F(x) အဆိုအဖွဲ့၏ Red Light တေးအယ်လ်ဘမ် နံပါတ်တစ် နေရာရရှိ 

တောင်ကိုရီးယားအမျိုးသမီးအဆိုအဖွဲ့F(x) ၏ တတိယ တေးအယ်လ်ဘမ်ဖြစ်သောRed Light တေးအယ်လ်ဘမ်သည် Goan အယ်လ်ဘမ် အပတ်စဉ် ဇယားတွင် နံပါတ်တစ် နေရာကို ရရှိခဲ့သည်ဟု သိရသည်။
ထို့အပြင် အဖွဲ့၏ အဆိုပါ တေးအယ်လ်ဘမ်သည် Hanteo နှင့် Sinara တေးအယ်လ်ဘမ် မှတ်တမ်းများ၏ အပတ်စဉ် စာရင်းတွင် ရက်သတ္တပတ် ပေါင်းများစွာ နံပါတ်တစ်နေရာ ရရှိခဲ့ပြီး တရုတ်(တိုင်ပေ)၏ FIV Music ဇယားနှင့် စင်ကာပူနိုင်ငံ၏ hmv အပတ်စဉ် ဇယား ကဲ့သို့သော နိုင်ငံတကာ ဆိုင်ရာ လူကြိုက် အများဆုံး တေးအယ်လ် ဘမ်များ ဖော်ပြသည့် အပတ်စဉ် ဇယားများ တွင်လည်း နံပါတ်တစ်နေရာ ရရှိသည်ဟု သိရသည်။
F(x) အဖွဲ့သည် ၄င်းတို့ အဖွဲ့၏ တေးအယ်လ်ဘမ်ကို ဇူလိုင် ၁၆ ရက်တွင် MBC Music အဖွဲ့၏ Show Champion အစီအစဉ်တွင် ဖျော်ဖြေ တင်ဆက်ခဲ့ပြီး နောက်တွင် ၄င်းအစီအစဉ်မှ ပေးအပ်သော ဆုကို ရရှိခဲ့သည်။ ထို့အပြင် ဇူလိုင် ၁၈ ရက်က ကျင်းပသော KBS ရုပ်သံဌာန၏ Music Bank အစီအစဉ်တွင်လည်း အခြား အဖွဲ့ပေါင်း များစွာကို ကျော်ဖြတ်၍ ပထမဆုကို ထပ်မံ ဆွတ်ခူးသွားခဲ့ကြောင်း သိရသည်။

 

No comments:

Post a Comment

back to top