Wednesday, June 11, 2014

ဘိုးဘွားရိပ်သာတည်ဆောက်ရာတွင် ကျောက်မဲပြည်ခိုင်ဖြိုးပါတီဝင်များ မြေဖို့ မြေ သယ် မြေညှိ လုပ်အားဒါနပြု

ကျောက်မဲမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်နယ် ကော်မတီဝင် ဦးစိုင်းနော်ခမ်းဦးနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ကော်မတီဝင်များ၊ စည်းရုံးရေး မှူးများ၊ ပါတီဝင်များ စုစုပေါင်း အင်အား ၇၀ ကျော်တို့သည် ဇွန်လ (၁၀) ရက် နံနက် ၆း၃၀ အချိန်က ကျောက်မဲမြို့နယ်အတွင်း တည်ဆောက်လျှက်ရှိသော အဆင့်မြင့် ဘိုးဘွားရိပ်သာတွင် မြေဖို့မြေသယ်ခြင်းနှင့် မြေညှိခြင်းလုပ်ငန်းများကို လုပ်အားဒါန ပြုလုပ်ခဲ့ကြပါသည်။ 





အဆိုပါလုပ်အားပေးပွဲတွင် မြို့နယ်ကော်မတီဝင် ဦးစိုင်းကျော်ရွှင်မှ ငွေလမင်း ငွေ စုငွေချေးအသင်းကိုယ်စား ဘိုးဘွားရိပ်သာဖြစ်မြောက်ရေးအဖွဲ့သို့ ငွေကျပ် တစ်သိန်း ကိုလှူဒါန်းခဲ့သည်။ 
အဆင့်မြင့် ဘိုးဘွားရိပ်သာ ဖြစ်မြောက်ရေးအဖွဲ့မှ လုပ်အားပေး လာရောက်ကြသော ပြည်ခိုင်ဖြိုးပါတီဝင်များအား နံနက်စာ ထမင်းကျွေး ဧည့်ခံခဲ့ကြောင်း သိရသည်၊

No comments:

Post a Comment

back to top