Wednesday, June 11, 2014

 Star Opinion နှင့်အောင်ရဲလင်း

 မြန်မာနိုင်ငံမှာရှိတဲ့ မင်းသားတွေထဲမှာ ဆံပင်ကိုပြုပြင်ရတာ ခရေဇီအဖြစ်ဆုံး မင်းသား တစ်ယောက် လို့ ပြောရင် လက်ခံလားဆိုတော့ ကျွန်တော်က ငယ်ငယ်ကတည်းက ဆံပင်ပြင်ရတာ ဝါသနာပါပါတယ်။  ရုပ်ရှင်နဲ့ ပတ်သက်လာရင် ကာရိုက်တာအရ ဆံပင်ကတော့ ပြောင်းရမယ် ထင်တာပဲ။ ကျွန်တော်တို့က ကာရိုက်တာတွေထဲမှာပဲ ပတ်ပြီး လုပ်နေရတာလေ။ ဘောင်ထဲမှာပဲ လုပ်နေရတာဆိုတော့ လုပ်စရာက ဆံပင်ပဲရှိတယ်။ ဆံပင်ပုံစံပြောင်းရင် ရုပ်ပြောင်းသွားတယ်လို့ ကျွန်တော် ခံယူထားတယ်။ ဒါကြောင့် ဆံပင်ကို အဓိကထားတယ်။ ပြီးရင် ဆံပင်နဲ့ လိုက်ဖက်တဲ့ဖက်ရှင်ကို ဝတ်တယ်။ ဆံပင်ဆိုးဆေးတွေက ဆေးပညာအရ လူကို ရောဂါ ဖြစ်စေနိုင်တယ်။ ကိုယ်တိုင်က ဘယ်လိုကာကွယ်လဲ ဆိုတော့ ရောဂါရမယ်။  ဦးရေပြားလည်း စပ်တယ်။ တော်တော် ဒုက္ခခံရတယ်။ ဒါပေမဲ့လည်း ပုံစံပြောင်းဖို့ အတွက် ဆိုတော့လည်း ဆိုးလိုက်တာပေါ့။ အမြဲတမ်း ဆိုးရတာမှ မဟုတ်တာ။ တစ်ခါတလေ ဆိုးရတာပဲလေ။ ဘာပဲဖြစ်ဖြစ် ဆံပင်အနက်ကားတွေ အများကြီးထဲမှာ အရောင်ပါတဲ့ကားလေး ပါလာရင် မဆိုးပါဘူးဆိုပြီး ဆိုးလိုက်တာပါ။
ဇာတ်ကား ထွက်လာရင်ရော ဆံပင်ပုံစံကို ကြည့်ပြီး စိတ်တိုင်း မကျတာရှိလားဆိုတော့ ကျွန်တော်က စိတ်တိုင်းမကျဘူး ဆိုတာမျိုး မရှိဘူး။ ကျွန်တော်က မထက် (Htet Pop Soul) နဲ့ တိုင်ပင်ပြီးမှ ဆံပင်ကို လုပ်ဖြစ်တယ်။ ညှပ်မယ်ဆိုရင်လည်း တိုင်ပင်ပြီး ညှပ်တယ်။ စိတ်တိုင်းမကျဖြစ်မှာ စိုးလို့ ဆံပင်အမျိုးမျိုး လုပ်လို့ ဝေဖန်ကြတဲ့အပေါ် ဘယ်လို သုံးသပ်မိလဲဆိုတော့ ဒါကတော့ တင်ပြမှုတစ်ခုမှာ ကြိုက်တဲ့သူလည်း ရှိသလို၊ မကြိုက်တဲ့သူလည်း ရှိမှာပဲ။ ကျွန်တော်က ဆံပင်ပုံစံကို တစ်မျိုးတည်းထားတာ မဟုတ်တာကြောင့် မကြိုက်တဲ့သူကလည်း တောက်လျှောက် မကြိုက်ဘူးဆိုတာ မရှိနိုင်ပါဘူး။ ပရိသတ်ကြိုက်တယ် မကြိုက်ဘူး ဆိုတာထက် ကျွန်တော့် ဆံပင်ပုံစံကို ပရိသတ် ကြည့်စေချင်တယ်။ ကိုယ်နဲ့လိုက်တဲ့ ဆံပင်ပုံစံက အကောင်းဆုံးပါပဲ။ ဒါပေမဲ့ ဆံပင်ပုံစံ တစ်မျိုးတည်းဆိုရင် တစ်နှစ်၊ နှစ်နှစ်လောက် ကြာရင် ရိုးသွားမှာပါ။ ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် ရိုးသွားမှာ မဖြစ်ချင်ဘူး။ ကိုယ်တိုင်က ဆန်းသစ်မှုကို ကြိုက်တယ်။

No comments:

Post a Comment

back to top