Monday, June 2, 2014


ပြည်သူများ ပူးပေါင်း၍ လမ်းခင်းနေမှု လွှတ်တော်ကိုယ်စားလှယ် ကြည့်ရှုအားပေး

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်း သည် မေ ၃၁ ရက် နံနက် ၁၀ နာရီက တောင်ဥက္ကလာပ မြို့နယ် (၁၃) ရပ်ကွက် ကောလိယ ၂၃ လမ်းတွင် လမ်းသူလမ်းသားများ စုပေါင်း ကွန်ကရစ်လမ်းခင်းနေမှုကို သွားရောက်ကြည့်ရှု အားပေးခဲ့သည်။


ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်း သည် တောင် ဥက္ကလာပမြို့နယ် (၁၄) ရပ်ကွက်ရှိ ပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံပြီး ရပ်ကွက်အတွင်းလိုအပ်ချက်များကို မေးမြန်း ဆွေးနွေးခဲ့သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့်အတူ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စား လှယ် ဦးမျိုးမင်းအောင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်ပါတီ ခေါင်းဆောင်နှင့် ရပ်မိရပ်ဖများ လိုက်ပါကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top