Thursday, May 22, 2014

ဂျက်စတင်ဘီဘာအား TV ကြော်ငြာရိုက်ကူးပေးရန် ဒေါ်လာ ၁ သန်းဖြင့် ကမ်းလှမ်း



အခက်အခဲ အချို့နှင့် ရင်ဆိုင်ရ လျက်ရှိသော ကနေဒါပေါ့ပ်ငွေကြယ်ပွင့် ဂျက်စတင် ဘီဘာသည် ရုပ်ရှင် နှင့် စာအုပ်များ ထုတ်လုပ်သူ Larry Flynt အပိုင်ဆိုင်သော Hustler Clubs ကြော်ငြာ ရိုက်ကူးရန် အနုပညာကြေး အမေရိကန်ဒေါ်လာ ၁ သန်းဖြင့် ကမ်းလှမ်း ခံရကြောင်း သိရသည်။
Flynt ၏ အရောင်း ဌာနမှ အမှုဆောင် အရာရှိက ဂျက်စတင်ဘီဘာထံ စာရေးသားခဲ့ပြီး ကြော်ငြာ ရိုက်ကူးပေးရန် ကမ်းလှမ်းခဲ့ကြောင်း၊ အဆိုပါ ကမ်းလှမ်းစာတွင် ဂျက်စတင် ဘီဘာက ကြော်ငြာ ရိုက်ကူးရန် လက်ခံပါက ကြော်ငြာထဲတွင် ရေကူး ဝတ်စုံဝတ်ဆင်ထားသော မော်ဒယ်လ်တစ်ဦး နှင့်အတူ ရိုက်ကူးရမည် ဖြစ် ကြောင်း contactmusic.com ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
ကြော်ငြာ ရိုက်ကူးရန် အနုပညာ ကြေးအနေဖြင့် အမေရိကန် ဒေါ်လာ ၁ သန်းအပြင် ဂျက်စတင်ဘီဘာ၏ ၂၁ နှစ်ပြည့် မွေးနေ့ပွဲ ကိုလည်း Hustler Clubs တွင် ဖခင်နှင့်အတူ ကျင်းပခွင့်ပေးမည် ဖြစ်ကြောင်း Clubs ပိုင်ရှင်က ကတိပေး ပြောကြားထားသည်။ အမေရိကန် ပြည်ထောင်စုတွင် သားဖြစ်သူ အရွယ် ရောက် လာချိန် အသက် ၂၁ နှစ်အရွယ်တွင် ဖခင်ဖြစ်သူက အမျိုးကောင်းသား တစ်ဦး ဖြစ်စေရန် သင်ကြား ပေး ရသော အလေ့အထရှိကြောင်း၊ ထို့ကြောင့် ဂျက်စတင်ဘီဘာ၏ မွေးနေ့ပွဲကို Hustler Clubs တွင် ကျင်းပ ခွင့်ပေးခြင်း ဖြစ်ကြောင်း စာထဲတွင် ရေးသားထားသော အကြောင်းအရာများ ကို နယူး ယောက် နေ့စဉ် ထုတ် သတင်းစာက ဖော်ပြခဲ့သည်ဟု သိရသည်။

No comments:

Post a Comment

back to top