အာရှတွင် အွန်လိုင်းလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် Ooredoo နှင့် Rocket Internet တို့ ပူးပေါင်း လုပ်ဆောင်
Ooredoo သည် အာရှတွင် eCommerce နှင့် ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများ ပူးတွဲဆောင်ရွက်ရန် အတွက်
Rocket Internet နှင့် ပူးပေါင်းလိုက်ပြီး
Ooredoo နှင့် Rocket Internet တို့သည် Asia Internet Holding တွင်
အကျိုးတူ စီးပွားဖက်များ ဖြစ်လာမည်ဖြစ်ကာ အဆိုပါ ကုမ္ပဏီသည် ဒေသတွင်း
အွန်လိုင်း လုပ်ငန်းများ ဖန်တီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း Ooredoo ၏
ထုတ်ပြန်ချက်အရ သိရသည်။
''အခြေခံကျတဲ့ ပြောင်းလဲတာတွေဟာ
ကျွန်တော်တို့ ဈေးကွက် တစ်လွှားမှာ အထူး သဖြင့် မြန်မာပြည်မှာ ဖြစ်နေပြီး
လူတွေဟာ သူတို့ မိုဘိုင်းလ်ဖုန်းတွေက တစ်ဆင့် ကုန်ပစ္စည်းတွေနဲ့
ဝန်ဆောင်မှုတွေ ကို ဝယ်လာ ကြလိမ့်မယ်။ ကျွန်တော်တို့ အနေနဲ့ eCommerce
ဝန်ဆောင်မှုတွေ ကို ပေးတာဟာ လူထုရဲ့ ဘဝတွေကို ကြွယ်ဝစေခြင်း ဆိုတဲ့
ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကို ပိုပြီး အထောက်အကူပြုမှာ ဖြစ်ပါတယ်'' ဟု
Ooredoo Myanmar ၏ CEO Ross Cormack က ပြောသည်။
Smartphone များ ထိုးဖောက်မှုနှင့်
သုံးစွဲသူများ များပြားလာသည်နှင့် အမျှ အကန့်အသတ်ရှိသော ကြိုးလိုင်းဆိုင်ရာ
အခြေခံ အဆောက်အအုံတို့က မိုဘိုင်းလ်စနစ်ကို အာရှတွင် eCommerce အတွက်
ပိုမို နှစ်သက်ဖွယ် ဖြစ်သော ကြားခံအဖြစ် အခိုင်အမာ ရပ်တည်စေသည်။ Asia
Internet Holding သည် မြန်မာ၊ ထိုင်း၊ စင်ကာပူ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့်
သြစတြေးလျနိုင်ငံများ အပါအဝင် Ooredoo ၏ ဈေးကွက် ၁၅ ခုတွင် အွန်လိုင်း
လက်လီရောင်းချခြင်းမှ အစ ဈေးကွက်များမှ ငွေပေးချေသည့် ဝန်ဆောင်မှု များ အထိ
လုပ်ဆောင် သွားမည်ဖြစ်သည်။
ယခု ရင်းနှီးမြှုပ်နှံမှုသည်
ဝန်ဆောင်မှုများကို စတင် မိတ်ဆက်မည့် နိုင်ငံများ၏ စည်းမျဉ်း အက်ဥပဒေ များ
ပေါ်တွင် မူတည်ပြီး ၂ဝ၁၄ ခုနှစ် ဒုတိယ လေးလပတ်တွင် ပြီးစီးမည်ဟု
မျှော်မှန်း ထားကြောင်း သိရသည်။
ယင်း ကုမ္ပဏီသည် Daraz.pk, Lamudi.com
Carmudi.com, Kaymu.com, Pricepanda.com နှင့် Easy Taxi.com အပါအဝင်
အောင်မြင်သော လုပ်ငန်း အများအပြားကို လွန်ခဲ့သော နှစ်နှစ်အတွင်း စတင်နိုင်
ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment