ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦး၏ အစီအစဉ်ဖြင့် သန်လျင်မြို့ နတ်စင် တစ်ရာ ကျောင်းတိုက် ဆရာတော် ဦးစီးပြီး အမြန်လမ်းတစ်လျှောက် သုံးရက်ဆက်တိုက် ပရိတ်ရွတ်
ယာဉ်မတော်တဆမှုများ ဖြစ်ပွားနေပြီး လူသေဆုံးမှုမြင့် တက်နေသည့် ရန်ကုန်-မန္တလေး အမြန်လမ်းမ ကြီးတွင် သုံးရက် တိုင်တိုင် ပရိတ်တရား ရွတ်ဖတ်ခဲ့ကြောင်း သတင်းရရှိသည်။ရန်ကုန်မြို့ ထောက်ကြန့် တိုးဂိတ်မှ စတင်ပြီး အမြန်လမ်းမအတိုင်း ယာဉ်မတော်တဆမှုများ ဖြစ်ပွားဖူးသည့် လမ်းတစ် လျှောက် ယာဉ်တန်းဖြင့် မောင်း နှင်ရွတ်ဖတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဋ္ဌဦးဌေးဦး၏ အစီအစဉ်ဖြင့် သန်လျင်မြို့ နတ်စင် တစ်ရာ ကျောင်းတိုက် ဆရာတော်ဦးစီးပြီး အမြန်လမ်းတစ်လျှောက် ယာဉ်တိုက်မှု များ ဖြစ်ပွားခဲ့ သည့် နေရာ များကို ဦးတည်ရည်ရွယ် ရွတ်ဖတ်ခဲ့ခြင်းဖြစ်သည်။ ယခုအကြိမ် ပရိတ်တရား ရွတ်ဖတ်ခြင်း မှာ မေလ ၅ ရက်၊ ၆ ရက်၊ ၇ ရက်များတွင် သုံးရက် တိုင်တိုင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
နှစ်စဉ် သေဆုံးမှုနှုန်း မြင့် တက်နေသည့် အမြန်လမ်းတွင် ပြီးခဲ့သည့် ၂၀၁၃ တစ်နှစ်အတွင်း လူ ၁၀၀ ကျော် သေဆုံးခဲ့ သည်။၂၀၁၄ နှစ်စမှ လေးလအ ကြာတွင် လူ၆၀ ကျော် သေဆုံးခဲ့ သောကြောင့် ၂၀၁၃ ခုနှစ်ကထက်၂၀၁၄တွင် လူသေဆုံးမှုပိုများမည့် အခြေအနေဖြစ်သည်။
မေလ ၁၀ ရက်တွင်လည်း ယာဉ်မတော်တဆမှုနှုန်း မြင့်မား နေသည့် အဆိုပါအမြန်လမ်းမ ပေါ်ရှိ ၁၁၆ မိုင်တွင် နတ်ရေကန် ဆရာတော်ကြီး ဦးဆောင်ပြီး အ ကျွတ်အလွတ်ဒါနပွဲနှင့် သဲပုံစေတီတစ်ဆူ တည်ထား သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းလမ်းမကြီးကို လမ်းပိုင်းဖောက်လုပ်ရာတွင် အားနည်း ချက်ရှိခြင်း ယာဉ်ကြံ့ခိုင်မှုအား နည်းခြင်း၊ ဘာသာရေး အရ မ ကျွတ်မလွတ်သူများရှိခြင်း၊ မသ မာသူများ ရှိနေခြင်းတို့ကြောင့် ယာဉ်မတော်တဆ မှုများ ဖြစ်ပေါ် နေရသည်ဟု ပြင်ပတွင် အမျိုးမျိုး ထင်ကြေးပေး ပြောဆိုနေကြ သည်။
r7DayDaily
No comments:
Post a Comment