Wednesday, May 7, 2014

Miss World Malta 2014 အဖြစ် အလှမယ် ဂျိုအန်ဂါလီယာ ရွေးချယ်ခံရ 


Miss World Malta 2014 ပြိုင်ပွဲ နောက်ဆုံးအဆင့် ရွေးချယ်ပွဲကို မော်လ်တာနိုင်ငံ ဗာလက်တာမြို့ရှိ Piazza Teatu Rjal တွင် မေ ၄ ရက်က ကျင်းပရာ Miss World Malta ဆုကို အသက် ၂၄ နှစ် အရွယ်ရှိ
 ဂျိုအန်ဂါလီယာက ရရှိသွားခဲ့ကြောင်း သိရသည်။
ဂါလီယာသည် ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ ယခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် Miss World 2014 ပြိုင်ပွဲတွင် မော်လ်တာ နိုင်ငံ၏ ကိုယ်စားပြု အလှမယ်အဖြစ် ဆက်လက် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။
Miss World Malta 2014 ပြိုင်ပွဲ၌ 1st runner-up ဆုကို အလှမယ် နီကိုဆလီဘာက ရရှိသွားပြီး 2nd runner-up ဆုကို အလှမယ် ကာထရီနာပါဗီယာက ရရှိ သွားခဲ့သည်။
ထို့အတူ Mr.World Malta 2014 ပြိုင်ပွဲတွင်လည်း Bjorn Demicoli က Mr.World Malta အဖြစ် ရွေးချယ် ခံရပြီး ဗြိတိန်နိုင်ငံ တော်ဘေးမြို့၌ ဇွန်လတွင် ကျင်းပမည့် Mr.World 2014 ပြိုင်ပွဲတွင် မော်လ်တာနိုင်ငံ၏ ကိုယ်စားပြု အဖြစ် ပါဝင်ယှဉ်ပြိုင်သွားမည်ဟု သိရသည်။

No comments:

Post a Comment

back to top