၂၀၁၄ ခုနှစ်အတွင်း အကောင်အထည် ပေါ်နိုင်ဖွယ်ရှိသည့် အာကာသ ခရီးသွားခြင်း
နယူးမက္ကဆီကို ကုမ္ပဏီတစ်ခုဟာ ယခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ အာကာသကို အလည်အပတ် ခရီးထွက်နိုင်အောင် စီစဉ်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။နယူးမက္ကဆီကို ကုမ္ပဏီပိုင်အာကာသ ယာဉ်ဖြစ်တဲ့ Virgin Galactic " ဗာဂျင်
ဂလက်တစ် " ဟာ စမ်းသပ်ပျံသန်းမှုများ လုပ်ဆောင်ပြီးတဲ့နောက် မှာ
ခရီးသွားတွေအတွက် အာကာသအလည် အပတ်ခရီးစဉ် ပို့ဆောင်ပေးနိုင်တော့မှာ
ဖြစ်တယ်လို့ သိရပါတယ်။
ဗာဂျင်ဂလက်တစ်ယာဉ်ဟာ ခရီးသည်(၆)ယောက်ကို အမြင့်(၁၁၀)ကီလိုမီတာအမြင့်အထိ
သယ်ဆောင်ပြီး အာကာသထဲမှာ (၄)မိနစ်ကြာနေ ပျံသန်းပြီးနောက်မှာ ကမ္ဘာမြေကို
ပြန်ဆင်းသက် မှာ ဖြစ်ပါတယ်။ ဂါလာရဲ့ ပထမဦးဆုံး အာကာသခရီးစဉ်အတွက်
လူတစ်ဦးကို အမေရိကန်ဒေါ်လာ (၂)သိန်းခွဲ ကျသင့်မှာ ဖြစ်ပြီး
ဂျပန်လူမျိုး(၁၈)ဦးအပါအ၀င် လူပေါင်း(၆၅၀)ဦးက အာကာသအလည် အပတ်ခရီးစဉ် အတွက်
ငွေပေးချေပြီး ဖြစ်တယ်လို့ သိရပါတယ်။ အာကာသခရီးစဉ်တွေကို စီမံပေးမယ့်
အဆိုပါ အာကာသခရီးသွား အေဂျင်စီကို ဂျပန်နိုင်ငံမှာ ဇန်န၀ါရီလတုန်းက
တည်ထောင်ခဲ့တာ ဖြစ်ပါသည်။
No comments:
Post a Comment