ကားရိုက်က
အချိန်ပေးရတာကြောင့် ဂီတဘက်ကိုပိုလုပ်ဖြစ်နေတယ် လို့ပြောတဲ့ ချစ်စနိုးဦး
အနုပညာ နဲ့ပတ်သတ်ပြီး သရုပ်ဆောင်ဖက်အပြင် အခု
နောက်ပိုင်းမှာ ဂီတဖက်မှာ ပိုတွေ့လာရတဲ့ ချစ်စနိုးဦးက
လက်ရှိအနုပညာအကြောင်းများနဲ့ သူမရဲ့ အချစ်ရေး ကို ပြောပြလာတာကတော့
“ခုလက်ရှိက စနိုး နယ်ရှိုးတွေအများဆုံး ဆိုဖြစ်တယ်။ ဂီတဖက်ကိုပဲ
ပိုလုပ်ဖြစ်တာပေါ့နော်။ သရုပ်ဆောင်က မလုပ်တော့တာ မဟုတ်ဘူး။ ခဏနားထားသလို
ဖြစ်သွားတာ၊ ကားရိုက်က စနိုးတို့အနေနဲ့ အချိန်အရမ်းပေးရတယ်လေ။
သီချင်းဆိုတာကျတော့ ကိုယ့်အလှည့်ပြီးရင်ပြီးပြီ။ ကားရိုက်ကကျတော့ တစ်ပတ်
၁၀ရက်လောက် ပေးရတဲ့ အပြင်ကိုမှ မင်းသားဖက်က မအားတဲ့အခါမျိုးတွေမှာ ရက်ကို
ကစားပြီး ရိုက်ရတာမျိုးတွေရှိတယ်။ အဲဒါတွေကြောင့်လဲ ပါတယ်ပေါ့နော်။
ပြီးတော့ စနိုးကို ကားရိုက်ချိတ်တဲ့ရက်နဲ့
နယ်ရှိုးလက်ခံတာ နဲ့တိုက်နေတဲ့ခါမျိုးတွေမှာ စနိုးအနေနဲ့ ငြင်းလိုက်ရတာတွေ
ရှိတယ်ပေါ့နော်။ အဲဒါတွေကြောင့် ဇာတ်ကားတွေ သိပ်မရိုက်ဖြစ်ပဲ သီချင်းတွေကို
ဦးစားပေး ဆိုဖြစ်နေတာပါ” လို့ သူမက ဆိုပါတယ်။
သူမရဲ့ ခိုနားခွင့်ပေးပေါ ဗီစီဒီအကြောင်းကိုလည်း “အခွေ ဗီစီဒီက မရိုက်ရသေးဘူး။ မိုးကျရင် စရိုက်မယ်။ ဒီနှစ်ကုန်ထွက်နိုင်အောင် စနိုးကြိုးစားမယ်။ မရိုက်ဖြစ်သေးတာက စနိုးကလဲ နယ်တွေကြီးပဲ ထွက်နေရတာရယ်၊ ဒါရိုက်တာက မအားတာကြောင့်ရယ် နဲ့ မရိုက်ဖြစ်တာပါ။ ရိုက်ရင်တော့ စနိုး အကောင်းဆုံးဖြစ်အောင် ကြိုးစားရိုက်ကူးသွားပါမယ်”လို့ သူမက ပြောပါတယ်။
သူမရဲ့အချစ်ရေးနဲ့မင်္ဂလာသတင်းအကြောင်းကိုတော့ သူမက “မင်္ဂလာသတင်းကတော့လိုပါသေးတယ်။ စနိုး အနုပညာအလုပ်တွေကိုပဲ ဆက်လုပ်ဦးမယ်။ အခုလက်ရှိ အချစ်ရေးကလဲ အရမ်းကို အဆင်ပြေပါတယ်။ စနိုးအနေနဲ့ အိမ်ထောင်ပြုသင့်တဲ့ အရွယ်ရောက်လာပြီ ဆိုရင်တော့ ပြုမှာပါ။ အခု ကတော့ အလုပ်နဲ့မိသားစုကို အချိန်ပေးပြီး နေချင်သေးတဲ့တွက် အိမ်ထောင်မပြုသေးတာပါ။ စနိုး အိမ်ထောင်ပြုတော့မယ် ဆိုရင်လဲ ပရိသတ်ကို အရင်အသိပေးမှာပါ။ အခုတော့ အနုပညာအလုပ်တွေကို ကြိုးစားပြီး ဆက်လက် လုပ်ကိုင်သွားပါဦးမယ်”တဲ့။

No comments:
Post a Comment