အထူးခရီးသွား အာမခံ အမျိုးအစားကို ဒေါ်လာဖြင့် အာမခံထား ရှိခွင့်ပြုရန် စီစဉ်
ပုဂ္ဂလိက အာမခံ ကုမ္ပဏီများအား ထပ်မံလုပ်ကိုင် ခွင့်ပြုခဲ့သည့် အထူးခရီးသွား အာမခံ အမျိုးအစား ကို ဒေါ်လာဖြင့် အာမခံထားရှိ ခွင့်ပြုရန် စီစဉ်ထားကြောင်း အာမခံကြီးကြပ်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ အဆိုပါ ပုဂ္ဂလိက အာမခံ ကုမ္ပဏီများတွင် အာမခံ ထားရှိပါက စည်းမျဉ်း၊ စည်းကမ်း များအရ ၄င်းတို့၏ ငွေစာရင်းတွင် ဒေါ်လာဖြင့် လုပ်ကိုင်ခွင့်ကို ကန့်သတ်ထားကြောင်း ယခုအခါ တွင် ပုဂ္ဂလိက အာမခံ ကုမ္ပဏီများ၏ ဝင်ငွေနှင့် လုပ်ငန်း စွမ်းဆောင်ရည်ပေါ် မူတည်၍ ဒေါ်လာဖြင့် လုပ်ကိုင်ခွင့်ကိုလည်း ချထားပေးရန် စီစဉ်လျက် ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းအထူးခရီးသွား အာမခံသည် မိုင် ၁ဝဝ အထက် အဝေးပြေး ခရီးလမ်းတွင် ခရီးသွား လာနေကြသူများ မဖြစ်မနေ ထားရှိရမည့် အထူးခရီးသွား အာမခံဖြစ်ပြီး မြန်မာ့အာမခံ လုပ်ငန်းနှင့် ပုဂ္ဂလိက အာမခံ ကုမ္ပဏီ တို့ ပူးပေါင်း လုပ်ဆောင်မည် ဖြစ်ကြောင်း၊ အာမခံ တစ်စောင်လျှင် ငွေကျပ် ၃ဝဝ နှုန်းဖြင့် ရောင်းချ သွားမည် ဖြစ်ပြီး နှစ်ယူနစ်အထိ အများဆုံး ဝယ်ယူနိုင်မည် ဖြစ်ကြောင်း၊ အထူးခရီးသွား အာမခံကို ပုဂ္ဂလိက အာမခံ ကုမ္ပဏီများက ကိုးလတာကာလ အတွင်း ပထမဆုံး လုပ်ကိုင်ခွင့် ပြုခဲ့ကြောင်း သိရသည်။ ၂ဝ၁၃ ခုနှစ် မေ ၂၈ ရက်မှ စတင်ပြီး ပုဂ္ဂလိက အာမခံ ကုမ္ပဏီများကို လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင် ပေး အပ်ခဲ့ကြောင်း၊ ယင်းလုပ်ကိုင် ခွင့်တွင် အသက်အာမခံ၊ မီးအာမခံ၊ ငွေပို့ငွေသယ် အာမခံ၊ ငွေသားလုံခြုံမှု အာမခံ၊ သမာဓိအာမခံ၊ အလုံးစုံ မော်တော်ယာဉ် အာမခံ အမျိုးအစား ခြောက်မျိုးကို ကနဦးလုပ် ကိုင်ခွင့် ပေးထားသည်။
No comments:
Post a Comment