NBA အကောင်းဆုံးဆုကို ကီဗင်ဒူရန့် ရရှိတဲ့ သတင်း
(၂၀၁၃၊၁၄) ဘတ်စကက်ဘောရာသီရဲ့ အကောင်းဆုံး ကစားသမားအဖြစ် ကီဗင်ဒူရန့်ကို NBAအဖွဲ့ချုပ်က အင်္ဂါနေ့က "ရွေးချယ်လိုက်ပါတယ်။ ကီဗင်ဒူရန့်ဟာ အိုကလာဟိုးမားစီးတီးသန်းဒါးအသင်းရဲ့ ကစားသမားဖြစ်ပြီး သူ့ရဲ့ကစားသမား သက်တမ်း(၇)နှစ်တာ အတွင်းမှာ အကောင်းဆုံးဆုကို ဒီနှစ်မှာ ပထမဆုံးအကြိမ် ရရှိတာ ဖြစ်ပါတယ်။ ကီဗင်ဒူရန့်က "ကျွန်တော်ငယ်ငယ်က ကောလိပ်ရောက်ဖို့၊ NBAမှာကစားဖို့၊ ဒီလိုအကောင်းဆုံးဆု ရဖို့တို့ဆိုတာ တွေးတောင် မတွေးဖူးပါဘူး။ အခုလို ဂုဏ်ပြုခံရတော့ ပျော်တာမှ အလွန်အကျွံပါပဲ"လို့ ပြောပါတယ်။ ဒီအကောင်းဆုံးဆုအတွက် မြောက်အမေရိကတိုက် အားကစား ကလောင်ရှင်တွေနဲ့ ရုပ်မြင်သံကြား သတင်းထောက်တွေက မဲပေးကြတာဖြစ်ပြီး ဒူရန့်က စုစုပေါင်း(၁၂၄)မဲ ရပါတယ်။ အဲဒီ(၁၂၄)မဲမှာလည်း သူ့ကိုပထမနေရာပေးတာက (၁၁၉)မဲနဲ့ အများဆုံး ဖြစ်ပါတယ်။မနှစ်က အကောင်းဆုံးဆု ရခဲ့တဲ့ မီယာမီဟိကစားသမား လီဘရွန်ဂျိမ်းက ဒီနှစ်မှာ ဒုတိယပဲ ရပါတယ်။ လော့စ်အိန်ဂျယ်လိစ် ကလစ်ပါကစားသမား ဘလိတ်ဂရစ်ဖင်က တတိယ အကောင်းဆုံးဆု ရပါတယ်။ အကောင်းဆုံးဆု ရသွားတဲ့ ဒူရန့်ဟာ ဒီရာသီမှာ တစ်ပွဲကို ပျမ်းမျှ(၃၂)မှတ်နဲ့ အမှတ်အများဆုံး ရယူပေးနိုင်ခဲ့ပါတယ်။ သူ့ရဲ့ သန်းဒါးအသင်းကလည်း ကွာတားဖိုင်နယ် ပလေးအော့ဖ်မှာ မင်းဖီးအသင်းက အနိုင်ရပြီး ဆီမီးဖိုင်နယ် ရောက်နေပါတယ်။
No comments:
Post a Comment