ကမ္ဘာ့ဖလားပွဲ နီးကပ်ချိန် ရီယိုဒီဂျနေးရိုးမြို့မှာ လုံခြုံရေး အင်အား ထပ်မံ တိုးချဲ့တဲ့ သတင်း

ရီယိုဒီဂျနေးရိုးမြို့ အာဏာပိုင်တွေဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပဖို့ တဖြည်းဖြည်း နီးကပ်လာချိန်၊ လမ်းမတွေပေါ် ကင်းလှည့် စောင့်ကြပ်ဖို့ တနင်္လာနေ့က ရဲတပ်ဖွဲ့အင်အား အယောက်(၂ထောင်) ထပ်မံတိုးချဲ့ လိုက်ပါတယ်။ ခန့်မှန်းခြေအရ လာမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပရိသတ် (၆)သိန်းနီးပါး လာရောက် ကြည့်ရှုဖွယ်ရှိပြီး အဲဒီအထဲက (၄)သိန်းလောက်ဟာ ရီယိုဒီဂျနေးရိုးမြို့ကို သွားရောက် လည်ပတ်မယ်လို့ မျှော်လင့် ရပါတယ်။ ရီယိုဒီဂျနေးရိုးမြို့ဟာ နာမည်ကျော် ကမ်းခြေတွေနဲ့အတူ ကမ္ဘာလှည့် ခရီးသည်တွေ သွားရောက် လည်ပတ်မှု များတဲ့မြို့ပါ။ ဒါပေမယ့် မကြာသေးခင်က မြို့အနီးနား တစ်ဝိုက်မှာ ရဲတပ်ဖွဲ့ကို တိုက်ခိုက်မှုတွေ ပိုမြင့်တက်လာတာကြောင့် အခုလို လုံခြုံရေးအင်အား တိုးချဲ့ရတာပါလို့ ဒေသခံ အာဏာပိုင်တွေက ဆိုပါတယ်။ အရင်တစ်ပတ်က ရဲတပ်ဖွဲ့နဲ့ ဒေသခံ ဂိုဏ်းတစ်ဂိုဏ်းတို့အကြား တိုက်ခိုက်မှုမှာ လူတစ်ယောက် သေဆုံးခဲ့ပါတယ်။ ပြည်နယ် အစိုးရရဲ့ အချက်အလက်တွေအရ ၂၀၁၃ခုနှစ်အတွင်း ရီယိုဒီဂျနေးရိုးမြို့ လမ်းမတွေပေါ် ကင်းလှည့် စောင့်ကြပ်တဲ့ ရဲတပ်ဖွဲ့အင်အားဟာ (၃သောင်း၊၇ထောင်) ရှိပါတယ်။ ၂၀၁၂ခုနှစ်ကနဲ့ ယှဉ်ရင်တော့ (၁၉)ရာခိုင်နှုန်း ပိုများလာတယ်လို့လည်း သိရပါတယ်။
No comments:
Post a Comment