Thursday, May 22, 2014


စုပေါင်းသွေးလှူဒါန်းမှုပြု



ကျိုက်ထိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ ဦးဆောင်မှုဖြင့် သိမ်ဇရပ်ကျေးရွာရှိ အကြင်နာနှလုံးသား သွေးလှူရှင်အသင်းမှ သွေးလှူရှင်များသည် သိမ်ဇရပ် မှ မော်လမြိုင်သို့ စုပေါင်းသွေးလှူဒါန်းရန် ၁၉-၅-၂၀၁၄ရက် တနင်္လာနေ့ နံနက်(၅)နာရီချိန်က စတင်ထွက်ခွါခဲ့ကြသည်။
အဆိုပါအဖွဲ့အား ရင်းငြိမ်းကျေးရွာ တိုက်နယ်ဆေးရုံမှ ဆေးရုံအုပ် ဒေါက် တာမြတ်မြတ်မိုးမှ နံနက်စာအဖြစ် ကြာဇံကြော်၊ ကော်ဖီတို့နှင့် ဧည့်ခံကျွေးမွေး ခဲ့ပြီး မော်လမြိုင်ဆေးရုံကြီး သွေးလှူဘဏ် တာဝန်ခံ ဒေါက်တာသန်းထိုက်နှင့် သူနာပြုများမှ ကြိုဆိုခဲ့ကြကာ သွေးလှူ အပြီးတွင် ကော်ဖီ၊ ကြက်ဥတို့ဖြင့် ဧည့်ခံကာ သွားတိုက်ဆေး၊ သွားပွတ်တံ၊ ဆပ်ပြာမွှေး၊ မျက်နှာ သုတ်ပုဝါများ လက်ဆောင် ပြန်လည်ပေးခဲ့ကြသည်။
အဆိုပါသွေးလှူရှင်အဖွဲ့အား မွန်ပြည်နယ် လွှတ်တော်ဒုဥက္ကဋ္ဌ ဦးဌေးလွင် မှ နေ့လည်စာ ကျွေးမွေး လှူဒါန်းခဲ့ကြောင်းနှင့် အဆိုပါအဖွဲ့တွင် ပြည်ခိုင်ဖြိုး ပါတီမှ ခရိုင်ပါတီကော်မတီ ဦးချစ်အောင်၊ နယ်မြေတာဝန်ခံ ကျိုက်ထိုမြို့နယ် ပါတီကော်မတီ ဦးအေးနိုင်၊ အကြင်နာနှလုံးသား သွေးလှူရှင် အသင်း ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အတွင်းရေးမှူး ဦးတင်မင်းဦး တို့အပါအဝင် အင်အား (၅၇)ဦး လိုက်ပါခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

back to top