ကြားဖြတ်အစိုးရနှင့် အတိုက်အခံများ တွေ့ဆုံဆွေးနွေးရန် ထိုင်းစစ် တပ်စီစဉ်
အင်္ဂါနေ့တွင် အစိုး ရနှင့် ညှိနှိုင်းခြင်းမရှိဘဲ တစ်ဖက်
သတ်စစ်အုပ်ချုပ်ရေး ကြေညာခဲ့ ပြီးနောက် ထိုင်းစစ်တပ်အကြီးအ ကဲ
ပရာယွတ်ချန်အိချာသည် ဗုဒ္ဓ ဟူးနေ့တွင် ထိုင်းအစိုးရနှင့် အ
တိုက်အခံများ ဘက်မှကိုယ်စား လှယ်များကြား တွေ့ဆုံဆွေးနွေး မှုများကိုတာဝန်ခံကြီးကြပ် လုပ် ဆောင်ပေး သွားမည်ဟု ကြေညာ သည်။
စစ်တပ်ပြောခွင့်ရအမျိုးသ မီးက ထုတ်ပြန်မှုတွင် လက်ရှိ ကြားဖြတ်အစိုးရ၊
အတိုက်အခံ ပါတီများ၊ ထိုင်းလွှတ်တော်နှင့် ရွေးကောက်ပွဲ ကော်မရှင်တို့မှ
ကိုယ်စားလှယ်များ တွေ့ဆုံမှုကို ဗုဒ္ဓဟူးနေ့နေ့လယ်တွင် ပြုလုပ်
သွားမည်ဖြစ်ကြောင်း ပြောသည်။
ဤအတောအတွင်း ထိုင်းကြားဖြတ် အစိုးရမှာ အတိုက် အခံဆန္ဒပြသူများ
ပိတ်ဆို့ထား မှုကြောင့် လျှို့ဝှက်နေရာတစ်ခု တွင် အစိုးရဌာန ပြုလုပ်ကာ စီမံ
ကွပ်ကဲနေရသည်။
ထိုင်းစစ်တပ်အကြီးအကဲ သည် မကြာမီက ကြားဖြတ်ဝန် ကြီးချုပ်ယင်လပ်နှင့်
အခြားဝန် ကြီးများကို အခြေခံဥပဒေတရား ရုံးက ရာထူးမှ ဖယ်ရှားပြီးနောက်
စစ်တပ်က အာဏာသိမ်းရန် အ ကြောင်းမရှိဟု ထုတ်ဖော်ပြောဆို ခဲ့သော်လည်း
အင်္ဂါနေ့တွင် အ ရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာ လိုက်ခြင်းဖြစ်သည်။
ထိုင်းစစ်တပ်က စစ်အုပ် ချုပ်ရေးကြေညာလိုက်ပြီးနောက် အမေရိကန်
ပြည်ထောင်စုက လည်း စစ်တပ်သည် အာဏာ သိမ်းမည်မဟုတ်ဟု ယုံကြည် ကြောင်း၊
သို့သော် ဒီမိုကရေ စီစံ နှုန်းများ ကို လေးစားလိုက်နာရန် လိုကြောင်း
တိုက်တွန်းပြောကြား သည်။
‘‘စစ်အုပ်ချုပ်ရေးကျင့်သုံး ခြင်း၊ အဲဒါကို ကြေညာခြင်းတို့ကို ထိုင်းရဲ့
အခြေခံဥပဒေမှာ ခွင့်ပြု ထားပါတယ်။ စစ်တပ်ကလည်း ဒါဟာ ယာယီလုပ်ဆောင်ချက်
သာဖြစ်တယ်လို့ ပြောထားပါ တယ်။ သူတို့ဟာ ကြေညာထား တဲ့အတိုင်း
လိုက်နာဆောင်ရွက် မယ်လို့ ကျွန်မတို့ မျှော်လင့်ထား ပါတယ်’’ ဟု
ကန်နိုင်ငံခြားရေး ဌာန ပြောခွင့်ရပုဂ္ဂိုလ် မစ္စယန်းပ ဆာကီက ပြောသည်။
အရှေ့အာရှဆိုင်ရာ အမေရိ ကန်ထိပ်တန်း သံတမန် ဒန်နီရပ် ဆဲကလည်း
ထိုင်းကြားဖြတ်အစိုး ရအနေဖြင့် လာမည့် သြဂုတ် ၃ ရက်တွင် ရွေးကောက်ပွဲများ
ကျင်းပပေးရန် အဆိုပြုထားခြင်း ကို ကတိ အတိုင်း အောင်မြင် အောင်
ဆောင်ရွက်ပေးရန်လည်း တိုက်တွန်းသည်။
‘‘ထိုင်းမှာ ဒီမိုကရေစီအပြည့် အ၀ ပြန်ဖြစ်ဖို့ အလျင်အမြန် ဆောင်ရွက်ကြတာ
ကျွန်တော် တို့မြင် ချင်ပါတယ်။ ပြည်သူတွေကို သူတို့ရဲ့
နိုင်ငံရေးဆန္ဒအတိုင်း လွတ်လပ်စွာ ဖော်ပြခွင့်ပေးမယ့် လွတ်လပ်တရားမျှတတဲ့
ရွေး ကောက်ပွဲတွေဖြစ်ဖို့ လိုအပ်မယ် ထင်ပါတယ်’’ ဟု ၎င်းက ပြော သည်။
No comments:
Post a Comment