ကန်ဒေါ်လာ ဘီလီယံ ၄၀၀ တန်ဖိုးရှိ ဓာတ်ငွေ့ဝယ်ယူရေးစာချုပ် ရုရှားနှင့် တရုတ် ချုပ်ဆို
တရုတ်နှင့် ရုရှားနိုင်ငံ တို့သည် ဗုဒ္ဓဟူးနေ့က ကန် ဒေါ်လာ ဘီလီယံ ၄၀၀ တန် ဓာတ်ငွေ့ ရောင်း ဝယ်ရေးအတွက် သဘောတူညီလိုက်ကြသည်။
ယင်းအတွက် ယူကရိန်းအ ရေးနှင့် ပတ်သက်၍ ဥရောပ ဖောက်သည်များ
ဆုံးရှုံးနိုင်သည့် အန္တရာယ် ရှိသော မော်စကိုအ တွက် ဈေးကွက်သစ်ရရှိစေခဲ့သလို
ကမ္ဘာ့ထိပ်တန်းစွမ်းအင်သုံးစွဲသူ တရုတ်နိုင်ငံအတွက်လည်း ပိုမိုသန့်ရှင်းသော
လောင်စာအရင်း အမြစ် ရရှိသွားသည်ဟု ရိုက်တာ သတင်းတွင် ဖော်ပြသည်။
ကြာရှည်စွာ စောင့်ဆိုင်းခဲ့ရ သော သဘောတူညီချက်မှာ ရုရှားသမ္မတ ပူတင် အတွက် နိုင် ငံရေး အောင်ပွဲဟုလည်း ရိုက်တာက ဖော်ပြသည်။
အနောက် နိုင်ငံများနှင့် ပူတင် ထိပ်တိုက်တွေ့နေခြင်းကို သတိပြုမိသော
တရုတ်နိုင်ငံက ဆွေးနွေးမှုများတွင် အထက်စီး အနေအထား ရခဲ့သည်ဟုဆို သည်။
‘‘ဒါဟာ ဆိုဗီယက်နိုင်ငံ ဟောင်းရဲ့ သဘာဝဓာတ်ငွေ့ ကဏ္ဍမှာ အကြီးမားဆုံး ကန်
ထရိုက်စာချုပ် ဖြစ်ပါတယ်’’ဟု ရုရှားဓာတ်ငွေ့ကုမ္ပဏီ ဂက်စ်ပ ရွန်နှင့်
တရုတ်အမျိုးသားရေနံ ကော်ပိုရေးရှင်း (CNPC)တို့ကြား သဘောတူလက်မှတ်ရေးထိုးမှု
အပြီးတွင် ပူတင်က ပြောသည်။
‘‘ကျွန်တော်တို့ရဲ့ တရုတ် မိတ်ဆွေတွေဟာ ခက်ခက်ခဲခဲ ညှိ
နှိုင်းရေးသမားတွေပါပဲ’’ဟု ပူတင် ကဆိုပြီး ဆွေးနွေးမှုမှာ နံနက် ၄ နာရီ
ထိုးသွားခဲ့သည်ဟု မှတ်ချက် ပြုသည်။
‘‘အလျှော့အတင်းလုပ် ညှိ နှိုင်းမှုတွေကနေ နှစ်ဖက်လုံး
လက်ခံနိုင်ရုံတင်မကဘဲ တော်တော် လေး စိတ်ကျေနပ်ဖွယ်ရာ ကန်
ထရိုက်စာချုပ်အချက်တွေ ရရှိခဲ့ ပါတယ်’’ဟု ပူတင်က ပြောကြား သည်။
အဆိုပါဓာတ်ငွေ့ ရောင်း ဝယ်ရေးစာချုပ်ကို ပူတင်၏ နှစ် ရက်တာ
ရှန်ဟိုင်းမြို့ အလည်အ ပတ်ခရီးစဉ် ပြီးဆုံးခါနီးတွင် လက်
မှတ်ရေးထိုးခဲ့ပြီး ပူတင်နှင့် တရုတ် သမ္မတ စီကျင်းပင်တို့လည်း
တက်ရောက် အားပေးခဲ့သည်။
စာချုပ်ချုပ်ဆိုလိုက်သော ဓာတ်ငွေ့ဈေးနှုန်းကို ဂက်စ်ပရွန်
အမှုဆောင်အရာရှိချုပ် အလက် ဆီမီးလာက ထုတ်ဖော်ပြောကြား ခြင်းမရှိသော်လည်း
ကုဗမီတာ ၁,၀၀၀ လျှင် ကန်ဒေါ်လာ ၃၅၀ အောက် မရောက်ဟု ကုမ္ပဏီ
သတင်းရင်းမြစ်များက ပြော သည်။
ဤသို့ဆိုလျှင် ဈေးနှုန်းမှာ ဥရောပကုမ္ပဏီများသို့ ရေရှည်စာချုပ်ဖြင့် ရောင်းချသော နှုန်းထား ကန်ဒေါ်လာ ၃၅၀ မှ ၃၈၀ ကြား ရှိနိုင်သည်။
တရုတ်နိုင်ငံအတွက်ဆို လျှင်လည်း စွမ်းအင်ကို ကျောက်မီးသွေးမှ
အားကိုးနေရပြီး မြို့ကြီးများတွင် ထူထပ်သော မီးခိုးလုံးများ
ဖုံးလွှမ်းနေခြင်းကို တိုက်ဖျက်ရေး (War on Pollution) အစီအစဉ်အတွက်
သဘာဝဓာတ်ငွေ့ရရှိခြင်းသည် အထောက်အကူ ဖြစ်နိုင်သည်။
No comments:
Post a Comment