Tuesday, May 27, 2014

ကိန်းစ် ရုပ်ရှင် ပွဲတော်၌ Palme d'Or ဆုကို တူရကီ ဇာတ်ကား

 Winter Sleep ကရရှိ






  

 ပြင်သစ်နိုင်ငံတွင် ကျင်းပခဲ့သော (၆၇) ကြိမ်မြောက် ကိန်းစ်ရုပ်ရှင်ပွဲတော်၌ ဒါရိုက်တာ Nuri Bilge Ceylan ရိုက်ကူးခဲ့သော တူရကီ ရုပ်ရှင်ဇာတ်ကားဖြစ်သည့်   Winter Sleep ဇာတ်ကားက ၄င်းပွဲတော်၏အမြင့်ဆုံးဆု ဖြစ်သည့် Palme d'Or ဆုကို ရရှိသွားခဲ့ကြောင်း သိရသည်။
 ၂၀၁၄ ခုနှစ် ကိန်းစ်ရုပ်ရှင်ပွဲတော်၏ ဆုရရှိသူများစာရင်းကို မေ၂၄ ရက်ကရုပ်ရှင်ပွဲတော် ပိတ်ပွဲအခမ်းအနားတွင် ကြေညာခဲ့သည်။ Winter Sleep ဇာတ်ကားကို ရိုက်ကူးသူ ဒါရိုက်တာ Ceylan က  အကောင်းဆုံး ဒါရိုက်တာဆု ကိုလည်း ရရှိခဲ့သည်။
Ceylan သည် Winter Sleep ဇာတ်ကားကို  ကိုယ်တိုင်ဇာတ်ညွှန်း ရေးခဲ့သူဖြစ်ပြီး ၄င်းဇာတ်ကားသည် ယခင်ကရီုက်ကူးခဲ့သော  Once Upon A Time In Anatolia ဇာတ်ကား ထက်နှစ်ဆပိုရှည်ကြောင်း ဆုလက်ခံရရှိပြီးနောက် သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် Ceylan က ပြောကြားခဲ့သည် ဟုသိရသည်။



No comments:

Post a Comment

back to top