Monday, April 7, 2014

ဆန်ဆေးရေနဲ့မျက် နှာသစ်ပါ

  သိပ်လွယ်ပြီးမထူးဆန်းတဲ့ပစ္စည်းမို့ နောက်ပြောင်ပြီး ပြောနေတာလားလို့ တောင် ထင်ကောင်း ထင်ပါလိမ့်မယ် ဒါပေမယ့် ဂျပန် ၊ ကိုရီးယား နဲ့ဗီယက်နမ် တို့မှာ ဒီနည်းကို သုံးနေတာ ရာစုနှစ်ပေါင်း များစွာရှိနေပြီ လို့ သိရပါတယ် ၊ ဖြူဖွေးနေအောင် ဖွတ်ပြီးသားဆန်ထ က် ပိုပြီး အမှေးခွံလေးတွေ ရှိနေတဲ့ ဆန်က ပိုကောင်းပါတယ် ၊ အဲဒီအမှေးခွံလေး တွေမှာ အသားအရေ အတွက်ကောင်းတဲ့ အဟာရဓါတ်တွေ ပိုပြီးပါဝင်နေလို့ပါပဲ ၊ အဲဒီမှာပါတဲ့ Phytic acid ဆိုတဲ့ဓါတ်ဟာ အသားအရေကို ကောင်းစေတဲ့ antioxidant တစ်မျိုးဖြစ်ပါတ ယ် ။

ဆန်ဆေးရေနဲ့ မျက်နှာသစ်တဲ့အတွက် သီတင်းပတ် အနည်းငယ်အတွင်းမှာပဲ အကျိုးကျေးဇူးတွေ ရနိုင်ပါတယ် ၊ အဲဒါတွေကတော့ မျက်နှာမှာ အရေးအကြောင်းတွေ မပေါ်လာဖို့ တားဆီးပေးတယ် ၊ အစက်အပျောက်တွေကို ပျောက်ကင်းစေတယ် ၊ မွှေးညှင်းပေါက်က လေးတွေရဲ့ အတွင်းပိုင်းအထိ သန့်ရှင်းစေတယ် ၊ အရေပြားပေါ်က အဆီဓါတ် ထုတ်လုပ်မှုကို မှန်ကန်စေတယ် ၊ ချောမွေ့ စိုပြေပြီး ဖြူဖွေးဝင်း ပစေပါတယ်

ဂျပန်အမျိုးသမီး တွေကအသားအရေထိန်းသိမ်းဖို့ ရေချိုးတဲ့အခါ ရေစိမ်ကန်ထဲကို အ၀တ်နဲ့ ထုပ်ထားတဲ့ ဆန်အိပ်သေးသေးလေးတွေ ကြိုတင်ထည့်ထာြး ပီးမှ အဲဒီရေနဲ့ ရေစိမ်ချိုးကြပါ တယ် ၊ ရေချိုးဖို့သုံး တဲ့ ဆန်ထုပ် ကလေးတွေကို အလွယ်တကူ ၀ယ်လို့ ရနိုင်တယ်လို့ သိရပါတယ် ။

ကိုရီးယားမလေးတွေကတော့ ဆန်ဆေးရေနဲ့ မျက်နှာသစ်ကြတယ် ၊ ကျနော် ကိုယ်တိုင်လည်း ကိုရီးယား ရုပ်သံ အင်တာဗျူး တချို့မှာ ကြည့်ရပါတယ် ၊ အလှဖန်တီးရှင် တွေကလည်း ဆန်ဆေးရေနဲ့မျက် နှာသစ် တာ ကောင်းတယ်ဆိုတဲ့ အကြောင်း ပြောကြတယ် ၊ အခု အနောက်နိုင်ငံတွေမှာ တောင်မှ ကိုရီးယားတွေလို ပဲ ဆန်ဆေးရေနဲ့ မျက်နှာသစ်တာ ခေတ်စားနေတယ် ၊ အံ့သြစရာ ကောင်းတာကတော့ ကျနော်တို့ အာရှ အမျိုးသမီးတွေက အနောက် နိုင်ငံတွေကနေ ထုတ်တဲ့ အလှကုန် ပစ္စည်းတွေကို မက်မက်မောမော သုံးနေကြတဲ့ အချိန်မှာ အနောက်နိုင်ငံသူ တွေက အရှေ့တိုင်းရိုး ရာ သဘာဝ အသားအရေ ထိန်းသိမ်းနည်းေ တွကို ပြန်သုံးနေကြတယ် ။

ကိုရီးယားတွေ ကတော့ ဆန်နဲ့ထမင်းကို နေရာတိုင်းမှာ အလေးထားကြတယ် ၊ နိုင်ငံခြားသားေ တွ ထမင်းစားကြတဲ့အခါ စားမကုန်လို့ ပန်းကန်ထဲမှာ ဟင်းတွေကျန်နေရင် ဘာမှမပြောတတ်ပေမ ယ့် ၊ ထမင်းတွေ ကျန်နေခဲ့ရင် မကြိုက်ကြဘူး ၊ အဲဒီလိုပဲ ဆန်ဆေးရေကိုလည်း ကျိုပြီးသောက်ကြ တယ် ၊ ထမင်းက ပေါင်းအိုးတွေနဲ့ ပဲ ချက်ကြတော့ ထမင်းရေ မရတော့တာလဲ ဖြစ်နိုင်ပါတယ် ၊ ဆန်ဆေးရေကို ပြန်ကျိုပြီး ထမင်းစေ့နည်းနည်း ထည့်လိုက်တဲ့အခါ ထမင်းရေလို ဖြစ်သွားတယ် ၊ အဲဒါကို အကောင်းထားပြီး သောက်ကြတယ် ။

ကိုရီးယားလူမျိုးလူကြီးတွေက ပြောကြတယ်၊ တောင်မြောက်ကိုရီးယားစစ်ပွဲကာလ ( ၁၉၅၀ - ၅၃ ) နဲ့ စစ်ပွဲ အပြီးမှာ စားစရာမရှိတဲ့အတွက် စားလို့ရတဲ့ အရွက်တွေမှန်သမျှကို ခူးပြီးပြုတ်စား ခဲ့ရတယ် ၊ ထမင်းကို စားချင်ပေမယ့် ဆန်လည်း မရှိခဲ့ဘူး ၊ အဲဒါကို သူတို့ ခုထိအအမှတ်ထင်ထင် ရှိနေကြတုန်းပဲ ၊ အဲဒါကြောင့် ဆန်နဲ့ထမင်းကို သူတို့သိပ်ပြီးတ န်ဘိုးထားကြတယ် ၊

အဲဒီတုန်းက မြန်မာနိုင်ငံဟာ ချမ်းသာကြွယ်ဝခဲ့ ပုံရတယ် ၊ ကူညီမှုပေးတဲ့အေ နနဲ့ ကိုရီးယားကို ဆန်အိတ် တွေ ပေးပို့ ကူညီခဲ့တယ် ၊ လှူခဲ့တယ် ၊ အဲဒါကိုလည်း သူတို့ ခုထိ သတိရနေတုန်းပါပဲ ၊ သယံဇာတ ရယ်လို့ ဘာမှ မယ်မယ်ရရ မထွက် ၊ စိုက်ပျိုးစရာ မြေဧရိယာ များများစားစား မရှိတဲ့ နိုင်ငံက ခုတော့ ဖွံ့ဖြိုးတိုးတက်နေပါပြီ ၊ ကျနော့်လိုမျိုး ဘွဲ့ရလူငယ်တော်ေ တာ် များများကတော့ ဒီကိုလာပြီး အလုပ်သမားလုပ်နေ ကြရပါပြီ ၊

ကဲ ..ကဲ ကျနော် မဆိုင်တာတွေ ပြောနေမိသလို ဖြစ်နေပြီ ဒီမှာပဲရပ်ပြီး မျက်နှာ အသားအရေ ထိန်းသိမ်းဖို့ေ လးကို ဆက်ပြောမယ်နော်..
ဗီယက်နမ် မလေးတွေ ဆန်ဆေးရေကိုသုံး ပြီး ဘယ်လို အသားအရေ ထိန်းသိမ်းတယ် ဆိုတာ ကျနော်မသိခဲ့ပါဘူး ဒါပေမယ့် youtube မှာ တင်ထားတဲ့ Video လေးကို ကျနော်ကြည့်လိုက်ရပါတယ် ၊ အဲဒါလေးက ကျနော့်ထက်ပိုပြီး ပြောပြနိုင်ပါလိ မ့်မယ် ၊ အဲဒီမှာ မစ်ချယ်ဖန်း ဆိုတဲ့ ဗျိုင်းမလေးက ဆန်ဆေးရေကို အမျိုးမျိုး သုံးနိုင်အောင် တင်ဆက်ထားပါတယ် ၊ အောက်မှာ link လေး ပေးလိုက်ပါတယ် ။www.youtube.com/
ကျနော်တို့ဆီမှာ က ဗီယက်နမ် မလေးတွေကို ဗျိုင်းမလေးတွေ လို့ ခေါ်ကြတယ်ဗျ.. ဖြူလို့ရယ် ၊ ဗီယက်နမ်ဆိုတော့ ဗလယ်ချိုင့် အက္ခရာကို သုံးချင်တာကြောင့်ရယ် ဖြစ်မယ်ထင်တယ် ၊ ဖိလစ်ပင်း မလေးတွေ ကျတော့ ဖားမလေးတွေတဲ့ ၊ မွန်ဂိုမလေးတွေ ကိုကျတော့ မြင်းမလေးတွေ တဲ့ ( မွန်ဂိုတွေ က မြင်းတွေမွေးကြလို့ ) ၊ ဥဇဘက် ကစ္စတန် မလေးတွေကိုတော့ ဘဲဥမလေးတွေတဲ့ ၊ ကိုယ့်မြန်မာကို ယ်ကျတော့ ရွှေမလေးတွေပေါ့ဗျာ ၊ ကိုယ့်အတွက် ကျတော့ အကောင်းကို ရွေးတတ်ကြတယ်ဗျေ နာ ။

ကျနော်ဖတ်ခဲ့ဖူး တဲ့ ဆန်ရဲ့ အစွမ်းသတ္တိလေး အကြောင်းကို မျှဝေချင်ပါသေးတ ယ် ၊ တစ်ခါက ဆာကေ အရက်ချက်စက်ရုံ တစ်ခုကို ရောက်သွားတဲ့သူ တစ်ယောက်ဟာ အဲဒီစက်ရုံက အလုပ်သမား တစ်ချို့ရဲ့ လက်တွေဟာ အံ့သြလောက်အောင် နုနယ် ပျိုမြစ်နေတာကို သတိပြုမိလိုက်ပါ တယ် ၊ အကြီးဆုံး အလုပ်သမားကြီးဟာ ဆိုရင် မျက်နှာပေါ်မှာ ဇရာရဲ့ အရေးအကြောင်းတွေ ကိုတောင် မြင်နေရပါပြီ

ဒါပေမယ့် သူ့ရဲ့လက်ကတော့ အသက် ၃၀ အရွယ် လူရွယ် တစ်ယောက်ရဲ့ လက်လိုပဲ နုပျိုပြီး ချောမွေ့နေပါတယ် ၊ ဒါနဲ့ပဲ သူတို့အလုပ်လုပ် တဲ့ နေရာကို လိုက်ပြီးကြည့်တဲ့ အခါ အရက် ချက်တဲ့ အခါမှာ သုံးတဲ့ စိမ်ရေရဖို့ ဆန်တွေကို ရေစိမ်ရတဲ့ နေရာ ဖြစ်နေပါတယ် ၊ သူတို့ရဲ့ လက်တွေ ဟာ အဲဒီဆန်စိမ်တဲ့ေ ရတွေနဲ့ အမြဲလိုလို ထိတွေ့နေရတဲ့ အတွက် လက်တွေချည်းပဲ နုပျို ချောမွေ့နေ တယ်လို့ ဖြစ်ပါတယ် ။

ဆန်ဆေးရေကို မျက်နှာသစ်ဖို့ ယူမယ်ဆိုရင် ဆန်ကို ပထမဆုံး ဆေးလိုက်တဲ့ရေမှာ ဖုန်တွေ အမှိုက်တွေ ပါနိုင်တာမို့ ဒုတိယ အကြိမ် ဆေးတဲ့ရေလောက်ကို ယူပြီး သုံးသင့်ပါတယ် ၊ လုပ်ရတာလဲ မခက်လို့ မကြာခဏ သုံးကြပါလို့ တိုက်တွန်းလိုပါ တယ် ...

(မူလ/မူရင်းရေးသားသူကိုcredit ပေးပါတယ်/ ကျေးဇူးတင်ပါတယ်...စာဖတ်သူများမှ မူလ/မူရင်းရေး သားသူ ကို သိခဲ့ရင် comment box လေးမှာရေးပေးခဲ့စေချင်ပါတယ်... ကျေးဇူးတင်ပါတယ်)

No comments:

Post a Comment

back to top