လူအရေပြားဖြင့်
ချုပ်လုပ်ထားသည်ဟု ယူဆရသော စာအုပ်ကို သိုးသားရေဖြင့် ပြုလုပ်ထားခြင်း ဖြစ်ကြောင်း
သိပ္ပံပညာရှင်များ သက်သေပြ
အမေရိကန် ပြည်ထောင်စု ဟားဗတ် ဥပဒေ
ကျောင်းရှိ လူအရေပြားဖြင့် ချုပ်လုပ်ထားသည်ဟု ယခင်က ယူဆခဲ့သည့် စပိန် ဥပဒေ
စာအုပ်တစ်အုပ်သည် သိုးသားရေဖြင့် ပြုလုပ်ထားသည့် စာအုပ်ဖြစ်ကြောင်း သိပ္ပံပညာရှင်
များက သက်သေပြနိုင် ခဲ့ကြသည်ဟု သိရသည်။
အဆိုပါ စပိန် ဥပဒေ စာအုပ်ကို
၁၆ဝ၅-၁၆ဝ၆ ခုနှစ်တို့တွင် ထုတ်ဝေခဲ့ခြင်း ဖြစ်ပြီး ၎င်းစာအုပ်သည် ၁၉၄၆ ခုနှစ်တွင်
ဟားဗတ် ဥပဒေ ကျောင်းသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စာအုပ်သည် လူအရေပြားဖြင့်
ချုပ်လုပ်ထားသည်ဟု ယူဆ၍ ရနိုင်သည့် စာတစ်စောင်ကို စာအုပ်၏ နောက်ဆုံး စာမျက်နှာ၌
စာရေးသူက ရေးသားဖော်ပြ ခဲ့ခြင်းကြောင့် စာကြည့်တိုက် တာဝန်ခံများ၊ အရေပြား အထူးကု
ဆရာဝန်များနှင့် အခြား ပညာရှင်ပေါင်း များစွာက အဆိုပါ စာအုပ်ကို နှစ်ပေါင်း များစွာ
လေ့လာခဲ့ကြသည်။
စာရေးသူ ဖော်ပြထားသည်မှာ
ယခုစာအုပ်သည် မိမိ၏ မိတ်ဆွေဖြစ်သူ ဂျိုးနက်စ်ရိုက်သ်၏ အရေပြား ပင် ဖြစ်ကြောင်း၊
ဂျိုးနက်စ်သည် ၁၆၃၂ ခုနှစ်တွင် အရှင်လတ်လတ် အရေခွံ ဆုတ်ခံခဲ့ရပြီး သေဆုံး
သွားခဲ့ကြောင်း၊ ဂျိုးနက်စ် သေဆုံးပြီး နောက်တွင် ၎င်းပိုင်ဆိုင်သော စာအုပ်ကို ၎င်း၏
အရေပြားနှင့် ပေါင်းစပ်ရန် မိမိထံ ပူးတွဲ ပေးပို့ခဲ့ခြင်း ဖြစ်သည်ဟု ရေးသားထားသည်။
အဆိုပါ စာကြောင့် သိပ္ပံပညာရှင်
များစွာသည် လေ့လာ ဆန်းစစ်မှု များကို ကာလ ကြာရှည်စွာ လုပ်ဆောင်ခဲ့ပြီး နောက်တွင်
ယခုကဲ့သို့ အတည် ပြုနိုင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ဟားဗတ် ဥပဒေ ကျောင်းတွင်
လူအရေပြားဖြင့် ပြုလုပ်ထားသည်ဟု ယူဆရသော အခြား ဥပဒေ စာအုပ် နှစ်အုပ်လည်း
ရှိသေးသည်ဟု သိရသည်။
No comments:
Post a Comment