Friday, April 11, 2014



အာဆီယံ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများ အစည်း အဝေးကျင်းပ

အာဆီယံ နိုင်ငံများ၏ (၇)ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးနှင့် လုံခြုံရေး ဆိုင်ရာ အဖွဲ့အစည်းများ အစည်းအဝေး7th NADI ANNUAL MEETING ကို မြန်မာနိုင်ငံ ၊ နေပြည်တော်တွင် ကျင်းပပြုလုပ်သည်။





အဆိုပါ အစည်းအဝေးတွင် (NADI) အဖွဲ့ဝင် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များက ဒေသတွင်း ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ သဘောထားအမြင် ၊ ကြုံတွေ့လျက်ရှိသော စိန်ခေါ်မှု များနှင့် ရှေ့ အလားအလာ ခေါင်းစဉ်အား ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် အနာဂတ် ကာလလုံခြုံရေးနှင့် ကာကွယ်ရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများအပေါ် အမြင်ချင်း ဖလှယ်ခြင်း ၊ အာဆီယံ နိုင်ငံများ၏ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး အတွက် အာဆီယံ နိုင်ငံများ၏ စစ်ဘက်အခန်း ကဏ္ဍနှင့် သမားရိုးကျ မဟုတ်သော လုံခြုံရေးဆိုင်ရာ နယ်ပယ်သစ်များ၌ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိပါသည်။

No comments:

Post a Comment

back to top