ဒဂုံတက္ကသိုလ်ကျောင်းဝန်းထဲမှာ
ဖွင့်လှစ်ထားတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ The Music စားသောက်ဆိုင်
လင်းလင်းနဲ့
ချစ်သုဝေတို့က ချစ်သူဘဝကတည်းက ဒဂုံတက္က သိုလ်ကျောင်း ထဲမှာ The Music စားသောက်ဆိုင်ကို
ဖွင့်လှစ်ထားကြောင်း သိရပါတယ်။ ချစ်သူဘဝက တည်းက ဖွင့်လှစ်ဖြစ်ခဲ့တဲ့ The Music စားသောက်ဆိုင်နဲ့
ပတ်သက်ပြီး ချစ်သုဝေက ” ထရီဇာတို့က စီးပွားရေးအနေနဲ့လုပ်တာမဟုတ် ပါဘူး။
ချစ်သူဘဝတုန်းက ကိုလင်းအနုပညာနဲ့ရှာထားတဲ့ ပိုက်ဆံတွေကို ကိုလင်းက အဓိပ္ပာယ်ရှိတဲ့အ
လုပ်လေးလုပ် ချင်တယ်တဲ့။ အဲဒါနဲ့ ထရီဇာက မပျောက်ပျက်ရအောင် ကျောင်း canteen လေးဖွင့်ဖို့
idea ရတယ်။ ကျောင်းသူ၊ကျောင်းသားတွေနဲ့ ထိတွေ့ချင် တယ်။ ကျောင်း ကို သွားတော့
မိုးတွင်းဆိုရင် ကျောင်းမှာ ကလေးတွေ ထိုင် ရတာ အဆင်မပြေဘူး။ မိုးတွေပက်တယ်။ သွားရလာရဗွက်ထတယ်။
ဒဂုံကျောင်းထဲမှာ ကျောင်း canteen ကို ဖွင့်တဲ့အခါ စီးပွားရေးအနေနဲ့ မလုပ်ဘဲ ကျောင်းသူ၊ ကျောင်းသားတွေအတွက် နေရာထိုင်ခင်း၊ အဆင်ပြေပြီး သန့်ရှင်းသပ်ရပ်မယ်။
အစားအသောက်ဆိုရင်လည်း သင့်တင့်တဲ့ ဈေးနှုန်းနဲ့ အကောင်းဆုံး
အသန့်ရှင်းဆုံး အစားအသောက်တွေကို ရောင်းမယ်ဆိုပြီးတော့ ဒီဆိုင်လေးကို ဖွင့်ခဲ့တာပါ။
စီးပွားရေး လုပ်တာရယ် မဟုတ်ဘူး။ ကိုလင်းရဲ့စိတ်ကူးလေးက အစားအသောက် ရောင်းတယ်ဆိုတာ ယူတတ်ရင်ကုသိုလ်ရတယ်။
ပညာရှာနေကြတဲ့ ကလေးတွေ အတွက် အကောင်းဆုံး ဝန်ဆောင် မှုတွေ
ပေးကြမယ်ဆိုတဲ့ စိတ်ကူးလေးနဲ့ အပြင်မှာ တောင်မဖွင့် ဘဲ ကျောင်း ထဲမှာ canteen လေးဖွင့်လှစ်ထားတာပါ။
အခုဆိုရင် ၃နှစ်ကျော် ၄နှစ် နီးပါးရှိနေပြီ။ တစ်ခါတလေ ထရီဇာတို့ ကျောင်းကို သွားရင်
သူငယ်ချင်းတွေနဲ့ ကိုယ်တိုင်လုပ်စားကြတယ်။ ထရီဇာရော ကိုလင်းရောက အနုပညာသည်တွေ စီးပွားရေး
မလုပ်တတ်ကြဘူး။ ထရီဇာတို့ စိတ်တွေနဲ့ စီးပွားရေးလုပ်ဖို့ သိပ်အဆင်မပြေဘူး။
ထရီဇာတို့က ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ရင်းရင်းနှီးနှီးနွေးနွေးထွေးထွေးဖြစ်
ချင် တယ်။ သူတို့တွေ အတွက် ဘယ်ရာသီဥတု မဆို နေရာထိုင်ခင်း အဆင်ပြေပြေနဲ့ စားသောက်ဖွယ်ရာနဲ့
သူတို့ပညာရှာနေတဲ့ အချိန်မှာ စိတ်ချမ်းချမ်းသာသာနဲ့ ခဏနားခို ရာလေး ဖြစ်ချင်တယ်”
လို့ ပြောပါတယ်။
လင်းလင်းနဲ့ ချစ်သုဝေတို့က နောက်ထပ်စီးပွားရေးလုပ်ဖြစ် မယ်ဆိုရင်လည်း
ယူတတ်ရင်ကုသိုလ်ရမယ့် စားသောက်ဆိုင်လိုမျိုးပဲ ဆက်လုပ်ဖြစ် မယ်လို့ ပြောပါတယ်။ ချစ်
သုဝေက ဧပြီ ၂၃ ရက်နေ့မှာ ပြင်ဦး လွင်မှာ ဇာတ်ကားသွားရိုက်မှာဖြစ်ပြီး မေလကုန်မှာ
ရန်ကုန်ပြန်ရောက်မှာဖြစ်ကြောင်း သိရပါတယ်။ သင်္ကြန်မတိုင်ခင်မှာတော့ ဒုတိ ယ တစ်ကိုယ်တော်အခွေကို
စလုပ်ဖြစ်နေပြီး သီချင်း ၄ ပုဒ်သွင်းပြီးသွား ပြီဖြစ်ြေ ကာင်း သိရပါတယ်။
ထရီဇာတို့က ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ရင်းရင်းနှီးနှီးနွေးနွေးထေ
လင်းလင်းနဲ့ ချစ်သုဝေတို့က နောက်ထပ်စီးပွားရေးလုပ်ဖြစ်

No comments:
Post a Comment