Tuesday, April 29, 2014

မေ(၁၂)ရက်မှစ၍ မြန်မာနိုင်ငံ အတွင်း မုတ်သုံလေ စတင် ၀င်ရောက်မယ့် သတင်း 

၂၀၁၄ခုနှစ် မေ(၁၂)ရက်ကနေ စတင်ပြီး မြန်မာနိုင်ငံ အတွင်းကို မုတ်သုံလေ စတင် ၀င်ရောက်နိုင်တယ်လို့ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနကနေ သိရပါတယ်။ အနောက်တောင် မုတ်သုံလေဟာ မြန်မာနိုင်ငံ အရပ်ရပ်မှာရှိတဲ့ မြန်မာနိုင်ငံ တောင်ပိုင်းဒေတွေမှာ မေ(၁၂)ရက်ကနေ မေ(၁၇)ရက်အတွင်း ၀င်ရောက်နိုင်ပြီး မြစ်ဝကျွန်းပေါ် ဒေသတွေမှာ မေ(၂၁)ရက်ကနေ (၂၅)ရက်အတွင်း၊ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာ မေ(၂၆)ရက်ကနေ (၃၁)ရက်အတွင်းနဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေမှာ ဇွန်(၁)ရက်ကနေ (၅)ရက်အထိကို မုတ်သုံလေ ၀င်ရောက် နိုင်တယ်လို့ သိရပါတယ်။ အဲဒီအနောက်တောင် မုတ်သုံလေ စတင်ဝင်ရောက်တဲ့ အချိန်မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး မိုးသက်လေပြင်း တိုက်ခတ်ခြင်းတွေ ဖြစ်ပေါ်နိုင်သလို မုတ်သုံလေ၀င်ရောက်ပြီး တစ်ပတ်ခန့်ကြာတဲ့ အချိန်မှာ မိုးထစ်ချုန်းရွာတာနဲ့ လေပြင်း တိုက်ခတ်တဲ့ ဖြစ်စဉ်တွေ လျော့နည်းသွားနိုင်ကြောင်း သိရပါတယ်။ မေလအတွင်း ဘင်္ဂလားပင်လယ်အော် အတွင်းမှာ လေဖိအားနည်း ရပ်ဝန်း နှစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်ဟာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ် ရောက်ရှိနိုင်ကြောင်း အဲဒီကာလမှာ အနောက်တောင် မုတ်သုံလေဟာ အားအသင့်အတင့်ရှိကြောင်းနဲ့ မိုးဦးကာလ မေလနှင့်ဇွန်လတို့မှာ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ သံလွင်မြစ်၊ စစ်တောင်းမြစ်၊ ဒုဋ္ဌ၀တီမြစ် တစ်လျှောက်ရှိ မြို့တွေမှာ မြစ်ရေဟာ လက်ရှိရေမှတ်တွေရဲ့ အထက်ကို မြင့်တက်လာနိုင်ပေမယ့် အဲဒီမြို့တွေရဲ့ စိုးရိမ်ရေမှတ် အသီးသီးကို မရောက်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကနေ တစ်ဆင့် သိရတယ်လို့ သတင်းရရှိပါသည်။

No comments:

Post a Comment

back to top