ကမ္ဘာကျော်လူငယ်ဂီတအဖွဲ့တစ်ခုဖြစ်သော
One Direction အဖွဲ့၏ ကမ္ဘာလှည့်ဖျော်ဖြေပွဲခရီးစဉ်ကို ယမန်နေ့က ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့ရှိ
EI Campin အားကစားကွင်းတွင် ပြုလုပ်ခဲ့သောဖျော်ဖြေပွဲဖြင့် အစပြုခဲ့သည်ဟု အဆိုပါအဖွဲ့မှ
ထုတ်ပြန်ချက်တွင်အတည်ပြုခဲ့သည်။
EI
Campin အားကစားကွင်းတွင် ပြုလုပ်ခဲ့သော One Direction အဖွဲ့၏ ဖျော်ဖြေပွဲသို့ ပရိသတ်လေးသောင်းကျော်တက်ရောက်ခဲ့ပြီး
လက်မှတ်မရရှိသော ပရိသတ်သိန်းဂဏန်းခန့်သည် အားကစားကွင်းပြင်ပတွင်စီစဉ်ပေးထားသော မြင်ကွင်းကျယ်
တီဗွီများမှ တစ်ဆင့် ဖျော်ဖြေမှု ကိုကြည့်ရှုခဲ့ သည်ဟု သိရသည်။
အဆိုပါဖျော်ဖြေပွဲတွင်
One Direction အဖွဲ့သည် ပရိသတ်အကြိုက်နာမည်ကြီးသီချင်းများဖြစ်သော Midnight
Memories ၊ Kiss You ၊ Better Than Words သီချင်းများနှင့်အတူ သီချင်းသစ်အချို့ကို
သီဆိုခဲ့သည်ဟု ကိုလံဘီယာနေ့စဉ် ထုတ်သတင်းစာများကဖော်ပြသည်။
One
Direction အဖွဲ့သည် ကမ္ဘာလှည့်ဖျော်ဖြေပွဲခရီးစဉ်ကို Where We Are World Your ဟုအမည်ပေးထားပြီးဖျော်ဖြေပွဲပေါင်း ၆၇ ခုပါဝင်မည်ဟု
သိရသည်။ One Direction အဖွဲ့ဝင် တစ်ဦးဖြစ်သော ဟာရီစတိုင်က "အခုစီစဉ်လိုက်တဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲခရီးစဉ်ဟာ
စီးပွားရေးအရ အကျိုးအမြတ်ရဖို့ထက် ကမ္ဘာအရပ်ရပ်မှာရှိတဲ့ ကျွန်တော်တို့ပရိသတ်တွေနဲ့
တိုက်ရိုက်ထိတွေ့ဖို့ ရည်ရွယ် ပါတယ်။ ကျွန်တော်ဘယ်သွားသွား စိတ်မချနိုင်ဘဲဖြစ်နေတဲ့
မိဘနှစ်ပါးကိုလဲ ဒီဖျော်ဖြေပွဲအပြီးမှာ ကျွန်တော်လူလားမြောက်ပြီလို့ ပြသနိုင်လိမ့်မယ်ထင်ပါတယ်"
ဟု ပြောသည်။

No comments:
Post a Comment