“စည်းရုံးရေးစွမ်းရည်မြှင့်၍ ရှေ့လုပ်ငန်းစဉ်များ အကောင် အထည်ဖော် နိင်ရေးအလုပ်ရုံ ဆွေးနွေးပွဲ” ပြုလုပ်
၂၀၁၄ ခုနှစ် ဧပြီလ(၂၆) ရက်နေ့ နံနက် (၀၉း၀၀)အချိန်တွင် တာမွေမြို့ နယ်၊ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီရုံးတွင် “စည်းရုံးရေးစွမ်း ရည်မြှင့်၍ ရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိင်ရေး အလုပ်ရုံဆွေးနွေးပွဲ” ကို ကျင်းပပြုလုပ်ခဲ့သည်။
၎င်းအလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေ၊ မြို့နယ်ကော်မတီဝင်များဖြစ် ကြသော ဦးသန်းအောင်၊ ဦးလှမင်း၊ ဦးခိုင်ထွန်းအောင်၊ ဦးကျော်တင့်၊ ဦးသွင်စိုးအောင်တို့မှ ဆွေးနွေးခဲ့ကြပြီး ရပ်ကွက် စည်းရုံးရေးမှူး များနှင့် အမာခံ ခေါင်းဆောင်များ အပါအ၀င် (၉၀)ဦး တက်ရောက်ခဲ့ကြပါသည်။


No comments:
Post a Comment