Monday, April 28, 2014

နေတိုး၏ အိမ်ထောင်ဖက်ရွေးချယ်မှုအပေါ်ကြည်ဖြူစွာလက်ခံမည်ဟု မိခင် ဒေါ်သန်းမြိုင်ပြောကြား

 







နေတိုးရဲ့ အနုပညာအလုပ်တွေကို နောက်ကနေအမြဲပံ့ပိုးပေးနေတဲ့ မိခင်ဖြစ်သူ ဒေါ်သန်းမြိုင်က ဇာတ်ကားတွေအတွက် ဝတ္ထုတွေဖတ်ပြီး သားဖြစ်သူကို ပြောပြလေ့ရှိပါတယ်။ သားဖြစ်သူ ငိုတဲ့ ဇာတ်ဝင်ခန်းတွေ သရုပ်ဆောင်တဲ့အခါ ကိုယ်တိုင် မျက်ရည်ကျမိတယ်လို့ ပြောပြတာ ကြောင့် "ဇာတ်ကားတွေရိုက်တဲ့အခါ ငိုတဲ့အခန်းတွေရိုက်ရင် ရိုက်ကွင်းနားမှာမနေတော့ဘူး။ အဝေးမှာပဲ သွားနေတော့တယ်။ သူငိုရင် ကိုယ်ပါလိုက်ငိုချင်တော့တာ။ ကားရိုက်အတွက် ဇာတ်တွေကိုဖတ်ပြီး ဘယ်
လိုမျိုးဆိုတာ ပြောပြပေးတယ်။ 
အလုပ်များတော့ ဘေးကနေ သူ့ကို ဝတ္ထုတွေဖတ်ပေးရတာပေါ့။ သူ့ကိုပရိသတ်တွေပို့ထားတဲ့ ဝတ္ထုတွေလည်း ဝိုင်းပြီးဖတ်ပေးနေတယ်။ အခု သူဝယ်လာတဲ့ ကင်မရာတွေနဲ့ ရိုက်တော့ အဲဒီစက်တွေကိုလည်း ရိုက်ပြီး ပြန်လုပ်နေရတာ။ ကားရိုက်လိုက်၊ ဒါတွေလုပ်လိုက်နဲ့ဆိုတော့ သူ့မှာ အချိန်ကမရှိဘူးဖြစ်နေတာလေ" လို့ ပြောပြပါတယ်။
 ၂ဝ၁၄ မှာ နေတိုးရဲ့ မင်္ဂလာသတင်း ကြားရ တော့မလား ဆိုတဲ့လတ်တလော သတင်းတွေ ကြောင့် နေတိုးရဲ့မိခင်ဒေါ်သန်းမြိုင်ကို မေးကြည့်ဖြစ်တော့" အိမ်ထောင်ပြုတာက သူဆန္ဒရှိတဲ့သူ  ဆိုရင် အရီးတို့က ကြည်ဖြူစွာ လက်ခံမှာပါပဲ။ အရီးတို့ကတော့ ဘယ်အချိန်ယူရ မယ်ဆိုပြီး သတ်မှတ်ထားတာမရှိပါဘူး။ သူလည်း ကလေးမှမဟုတ် တော့တာ။ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်တတ်တဲ့ အရွယ်လည်းရောက် နေပြီပဲ။ အခုအချိန်မှာတော့ အနု ပညာအလုပ်တွေပဲ လုပ်နေတော့ ယူမယ့် သူရှိရင်တောင် မယူနိုင်သေးပါဘူး" လို့ ပြောပြခဲ့ပါတယ်။

No comments:

Post a Comment

back to top