Monday, April 7, 2014

ရန်ကုန်မြို့ရှိ အထပ်မြင့် အဆောက်အအုံများကို အမြင့်ဆုံး ပင်လယ် ရေ မျက်နှာပြင် ၄၁၇ ပေ အထိ ခွင့်ပြုပေးမည် 

ရန်ကုန်မြို့အတွက် မြေအသုံးချမှုနှင့် ပတ်သက်သည့် အဆိုပြု ဇုန်များတွင် အထပ်မြင့် အဆောက် အအုံ များကို ပင်လယ်ရေမျက်နှာပြင် အထက် ၄၁၇ ပေအထိ အမြင့်ဆုံး ခွင့်ပြုပေးမည် ဖြစ်ကြောင်း ရန်ကုန်မြို့ပြ စီမံကိန်း ပညာရှင် တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ပင်လယ် ရေမျက်နှာပြင် အထက် ၄၁၇ ပေအထိသာ အမြင့်ဆုံး ဖြစ်ရမည့် အထပ်မြင့် အဆောက် အအုံကြီးများကို ၇ဝ ရာခိုင်နှုန်းခန့် ခွင့်ပြုပေးမည် ဖြစ်ကြောင်း၊ အထပ် ၁၂ ထပ်ရှိ အဆောက်အအုံများကို တစ်မြို့လုံး၏ ၁၂ ရာခိုင်နှုန်း၊ ခြောက်ထပ်ရှိသော အဆောက်အအုံများကို ၉ ရာခိုင်နှုန်းနှင့် လေးထပ်ရှိ အဆောက်အအုံများကို ၈ ရာခိုင်နှုန်း ခွင့်ပြုရန် အဆိုပြု လျာ ထားကြောင်း သိ ရသည်။
ယင်းသို့ ခွင့်ပြုရာတွင် ရန်ကုန်မြို့လယ်ရှိ ကုန်သည်ကြီးများ ဟိုတယ် အမြင့်ပေနှင့် အမြင့်ဆုံး ခွင့်ပြုပေးမည့် အဆောက်အအုံ အမြင့်မှာ တူညီကြောင်း၊ ခွင့်ပြုရာတွင် အမြင့်ဆုံး ပင်လယ် ရေ မျက်နှာပြင် ၄၁၇ ပေ၊ အောက်ခံမြေ အကျယ်ပေ (၂ဝ x ၃ဝ) ရှိမည်ဆိုပါက ၃၅ ထပ်အထိ ဆောက်လုပ်ခွင့် ရရှိ မည် ဖြစ်ကြောင်း၊ မတ် ၃၁ ရက်က ရန်ကုန်မြို့တော် ခန်းမ၌ ကျင်းပ ခဲ့သည့် ရန်ကုန်မြို့၏ မြို့နယ် အလိုက် မြေအသုံးချမှုနှင့် အဆောက်အအုံ တည်ဆောက်မှု ဇုန်များ အများပြည်သူများနှင့် ဆွေးနွေးရာ၌ ထုတ်ပြန်ခဲ့ကြောင်းလည်း သိရသည်။
မကြာသေးမီက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ရန်ကုန်မြို့နေ ပြည်သူများ အား ရွှေတိဂုံ စေတီတော် ပတ်ဝန်းကျင်တွင် အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်မှုနှင့် ပတ် သက် ၍ မေးမြန်းရာတွင်လည်း ၉ဝ ရာခိုင်နှုန်းက သဘောတူညီမှု မရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်မြို့၏ အမြင့်ဆုံး အထပ်မှာ ၃၄ ထပ်အထိ ဖြစ်ကြောင်း သိရသည်။

 

No comments:

Post a Comment

back to top