ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲကျင်းပ
ဘားအံမြို့နယ်၊ မြို့မတိုက်နယ်၊ ရဲသာကျေးရွာအုပ်စု၊ ကမော့ကစင် ကျေးရွာနေ ဦးစောဖေါ့အဲဆမ်၏ နေအိမ်တွင် ဧပြီလ ၂၄ ရက်နေ့က ကျင်းပပြု လုပ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ဗဟိုကော်မတီဝင်၊ ပြည်နယ်အတွင်းရေးမှူး ဦးစောထားလုံ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမန်းကံညွန့်နှင့် ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမန်းလှမြိုင်တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး၊ လွှတ်တော် အတွေ့အကြုံ ရှင်းလင်းပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ဗဟိုကော်မတီဝင်၊ ပြည်နယ်တွဲဘက်အတွင်းရေးမှူး ဦးစန်းကို၊ ခရိုင် အတွင်းရေးမှူးး ဦးမိုးဟိန်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို နယ်အတွင်းရေးမှူး ဦးခွန်သန်းဝင်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း အင်အား(၁၀၀)ဦးတက်ရောက်ခဲ့ကြပါသည်။
No comments:
Post a Comment