သုံးခွမြို့နယ် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင်
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ကံမြင့်ကျေးရွာနှင့် ပျဉ်းမကန်ကျေးရွာ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲ အခမ်းအနား ကို ဧပြီ ၂၇ ရက် နံနက် (၇) နာရီခွဲတွင် ကံမြင့်ကျေးရွာရှိ လမ်းဖွင့်ပွဲ မုခ်ဦး၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ၊ တိုင်းဒေသကြီး ၀န်ကြီးများ၊ သုံးခွမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြသိန်း၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး ၀န်ကြီးချုပ်က ကွန်ကရစ်လမ်းသစ် မုခ်ဦး ဆိုင်းဘုတ်ကို စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။
ကံမြင့်ကျေးရွာနှင့် ပျဉ်းမကန်ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်သည် စုစုပေါင်း အရှည် (၃) မိုင် (၂) ဖာလုံ၊ အကျယ် (၁၂) ပေ၊ ထု (၇) လက်မ ရှိပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေ ကျပ် သိန်း (၂၀၀)၊ ကျေးလက်ဒေ သ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရန်ပုံငွေကျပ် ၁၅၅၀ ဒသမ ၃ သိန်း၊ ပြည်သူ လူထု ထည့်ဝင်ငွေ ကျပ် သိန်း ၅၅၀၊ စုစုပေါင်း ကုန်ကျငွေ ကျပ် ၂၃၀၀ ဒသမ ၃ သိန်းဖြင့် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment