ကျောက်ကြီးမြို့နယ် မုန်းဒေသ ကွန်ကရစ်တံတားဖွင့်ပွဲ ကျင်းပ
ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေး ရံပုံငွေမှ ခွင့်ပြုငွေ ကျပ် သိန်း (၅၀)သိန်းနှင့် ကျေးရွာနေ ပြည်သူများ၏ ထည့်ဝင်ငွေ (၅၂)သိန်းတို့ဖြင့် တည်ဆောက်ပြီးစီးခဲ့သော ကျောက်ကြီးမြို့နယ် မုန်းဒေသ မွေတွင်းကျေးရွာ အုပ်စု ကျွန်းတောရွာလယ် ရှိအရှည် ၁၄၅ ပေ အကျယ် ၈ ပေ အမြင့် ၁၅ပေ ရှိ ကွန် ကရစ်တံတားဖွင့်ပွဲ အခမ်းအနားကို ဧပြီ ၂၇ ရက်နေ့ နံနက် ၈ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ မုန်းဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေး အဖွဲ့ခေါင်းဆောင် ဦးလှဘုန်း (မြို့နယ်ပါတီအတွင်းရေးမှူး) နှင့် ပါတီကော်မတီ ဝင် (၆၀)ဦး၊ ပြည်သူလူထု (၁၀၀)ခန့်တက်ရောက်ခဲ့ကြကြောင်း သိရသည်။


No comments:
Post a Comment