Friday, April 25, 2014

နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားဟောင်းကြီးများနှင့် ၂ဝ၁၃ ခုနှစ်အ တွက် အကောင်းဆုံး(အမျိုးသား/အမျိုး သမီး)အားကစားသမား များ ဂုဏ်ပြုပွဲကျင်းပမည်


 မြန်မာနိုင်ငံ အမျိုးသားအားကစား ကော်မတီနှင့် မြန်မာနိုင်ငံအိုလံပစ် ကော်မတီတို့က အားကစားဖြင့် နိုင်ငံ့ ဂုဏ်ကို မြှင့်တင်ခဲ့ကြသည့် ခေတ် အဆက်ဆက် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားဟောင်းကြီးများနှင့် ၂ဝ၁.၃ ခုနှစ် အကောင်းဆုံး(အမျိုးသား/အမျိုးသမီး) အားကစားသမား ဆုရရှိကြသူများအား ဂုဏ်ပြုပွဲ အခမ်း အနားကို ကျင်းပသွားမည်ဖြစ်ရာ အာရှအားကစားပြိုင်ပွဲများတွင် ရွှေ တံဆိပ်နှစ်ခုနှင့် အထက် ရရှိခဲ့ကြသူများ၊ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲများနှင့် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲများ တွင် ရွှေတံဆိပ်လေးခုနှင့်အထက် ရရှိခဲ့သူများအား ဂုဏ်ပြုချီးမြှင့်သွား မည်ဖြစ်သည်။
ဂုဏ်ပြုရန် သတ်မှတ်ချက်နှင့် ကိုက်ညီသည့် အောက်ပါအားကစား သမားဟောင်းကြီးများအား စိစစ် ရွေးချယ်ထားကြောင်းနှင့် ဂုဏ်ပြုပွဲ အခမ်းအနားကို မေ ၁ဝ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပသွားရန် စီစဉ် ထားသည်။
စိစစ်ရွေးချယ်ထားသည့် နိုင်ငံ့ဂုဏ် ဆာင် အားကစားသမားဟောင်းကြီး များမှာ (ဘောလုံး)အားကစား နည်းမှ ဦးမျိုးဝင်းညွန့်၊ ဦးရဲညွန့်၊ ဗိုလ်ကြီး ဝင်းမောင်(ငြိမ်း)၊ ဗိုလ်ကြီးတင်အောင် (ငြိမ်း)(ဂိုး)၊ ဦးအေးမောင်ကြီး၊ ဦးစိုးပိုင်၊ ဦးဘပု၊ ဦးဘရီ၊ ဗိုလ်ကြီး တင်အေး(ငြိမ်း)၊ ဦးဝင်းမောင်(ရဲအုပ်)(ငြိမ်း)၊ ဦးအေးမောင်လေး၊ (ပြေးခုန် ပစ်)အားကစားနည်းမှ ဒေါ်ခင်ခင်ထွေး (၂)၊ ဒေါ်မာမာမင်း၊ ဒေါ်သန်းသန်း၊ ဗိုလ်ကြီးကိုကို၊ ဒေါ်ဂျနီဖာတင်လေး၊ ဒေါ်လှရွှေ၊ ဗိုလ်ကြီးခင်စိုး(ငြိမ်း)၊ (ဘော်လီဘော) အားကစားနည်းမှ ဦးထွန်းလင်း၊ (အလေးမ)အားကစား နည်းမှ ဦးထိန်ဝင်း၊ ဦးအေးဝင်း၊ (ဂျူဒို)အားကစားနည်းမှ ဒေါ်ခင်ခင်မူ၊ (လှေလှော်) အားကစားနည်းမှ ဒေါ်ခင်မာဦး၊ ဒေါ်မြချိုဦး၊ (တင်းနစ်)အားကစားနည်းမှ ဦးမောင်မောင် လေးနှင့် (ဝူရှူး)အားကစားနည်းမှ ဒေါ်ဆွေဆွေသန့်နှင့် ဒေါ်ခိုင်ခိုင်မော် တို့ဖြစ်ပြီး ဂုဏ်ပြုပွဲအခမ်းအနားသို့ မပျက်မကွက် တက်ရောက်ကြရန် ဖိတ်ကြားထားကြောင်းနှင့် တက် ရောက်မည့်အခြေအနေကို ညွှန်ကြား ရေးမှူး လူထုအားကစားနှင့်ပညာပေး ဌာနခွဲ ဖုန်း-ဝ၉-၂ဝဝ၂၁၉၆ နှင့် ဝ၆၇-၄ဝ၆ဝ၂၆ သို့ ဆက်သွယ်ပေး ကြရန် နှိုးဆော်ထားကြောင်း သိရ သည်။ (သတင်းစဉ်)

No comments:

Post a Comment

back to top