Tuesday, April 1, 2014

Myanmar Civil Aviation Development 2014 ကို (MAI) မှ အဓိက ကူညီ 

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် အဖြစ် ကျင်းပသော Myanmar Civil Aviation Development Conference 2014 ကို အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) မှ အဓိကကူညီ ပေး ခဲ့ကြောင်း အပြည်ပြည် ဆိုင်ရာ မြန်မာ့လေကြောင်း (MAI)မှ ဈေးကွက်နှင့် လူမှုဆက်ဆံရေး မန်နေဂျာ ဒေါ်အေး မရသာ ထံက သိရသည်။
အဆိုပါ MCADC ၂၀၁၄ အား မတ် ၂၄ ရက်နှင့် ၂၅ ရက်တို့က ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများ ဟိုတယ်၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ၏ တစ်ခုတည်းသော IOSA လက်မှတ်ရ ရာနှုန်းပြည့် လုံခြုံစိတ်ချရဆုံး အပြည်ပြည် ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်းဖြစ်သော (MAI)မှ တစ်ခုတည်းသော မြန်မာနိုင်ငံ ကိုယ် စားပြု လေကြောင်းလိုင်း အနေဖြင့် အဓိကကူညီ ပံ့ပိုးခဲ့ခြင်း ဖြစ်သည်။

အစည်း အဝေးတွင် မြန်မာနိုင်ငံ၏ လေကြောင်းလိုင်း ကဏ္ဍကို ပိုမိုတိုးတက်ဖွံ့ဖြိုးမှု ရှိစေရန် ယုံကြည်မှု အပြည့်ဖြင့် နိုင်ငံတကာနှင့် ယှဉ်ကာရှေ့ဆက် ဆောင်ရွက်သွားမည့် လေကြောင်း ဆိုင်ရာ ကိစ္စရပ် များ၊ လေကြောင်း ဆိုင်ရာ မူဝါဒများ၊ စည်းမျဉ်း ဥပဒေများနှင့်  ခေတ်မီပြောင်း လဲလာသော လေကြောင်း ပညာရပ်များအား အဓိက ဆွေးနွေးခဲ့ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) အနေဖြင့် ယခုကဲ့သို့ MCADC ၂ဝ၁၄ အား အဓိကပါဝင် ကူညီမှုများအပြင် လေကြောင်းကဏ္ဍ အစည်းအဝေးများ အတွက် နှစ်စဉ်နှစ်တိုင်း နိုင် ငံတော်မှ တက်ရောက် ဆောင်ရွက်ခြင်းများအတွက် အမေရိကန်ဒေါ်လာ သိန်းပေါင်းများစွာ ကုန်ကျ ခံခြင်းဖြင့် နိုင် ငံတော် အတွက် တစ်တပ်တစ်အား ပါဝင်ကူညီပံ့ပိုးမှု အခွင့်အရေးများ ရရှိခြင်း အတွက် ဂုဏ်ယူ ဝမ်းမြောက် မှုဖြင့် ရှေ့ဆက်၍ လုံခြုံစိတ်ချရဆုံး၊ ဈေးနှုန်းအသက် သာဆုံးနှင့် ဝန်ဆောင်မှု အကောင်း ဆုံးဖြင့် ဆက်လက်ရပ်တည် သွားမည်ဖြစ်ကြောင်း သိရသည်။

 

No comments:

Post a Comment

back to top