ဟံသာဝတီ နိုင်ငံ တကာ လေဆိပ် တည်ဆောက်ရေး စီမံကိန်း အတွက် ဘဏ္ဍာရေး ဆိုင်ရာ လေလံ တင်ဒါများ ထပ်မံေ ခ်ါယူ
ရန်ကုန်မြို့နှင့် မိုင် ၅ဝအကွာတွင်
အသစ် တည်ဆောက်နေသည့် တစ်နှစ်လျှင် ခရီးသည်ပေါင်း ၁၂သန်း လက်ခံနိုင်ရန်
ရည်ရွယ်ထားသော ဟံသာဝတီ နိုင်ငံတကာ လေဆိပ်တည်ဆောက်ရေး စီမံကိန်း အတွက် ဘဏ္ဍာရေး
ဆိုင်ရာ လေလံ တင်ဒါများကို ထပ်မံခေါ်ယူလျက် ရှိကြောင်း သိရသည်။
လက်ရှိခေါ်ယူနေသည့် ဟံသာဝတီလေဆိပ်
ဘဏ္ဍာရေး တင်ဒါကို တောင်ကိုရီးယား နိုင်ငံ အင်ချီယွန် ကုမ္ပဏီ၊ စင်ကာပူချန်ဂီ လေဆိပ်၊
ပြင်သစ်ဗင်စီ လေဆိပ်နှင့် ဂျပန်တာ အီဆာ အီ လေဆိပ် များ၏ စီမံရေး ကုမ္ပဏီများက တင်ဒါ
တင်ယူခြင်းကို ဧပြီ ၂၂ရက် နောက်ဆုံးထား လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။
''စီမံကိန်း လုပ်ပိုင်ခွင့်
လေလံအောင်မြင်ထားတဲ့ တောင်ကိုရီးယား အင်ချီယွန် နိုင်ငံတကာလေ ဆိပ်
ကော် ပိုရေးရှင်း (IIAC) ဦးဆောင်တဲ့ လုပ်ငန်းအဖွဲ့နဲ့ မြန်မာအစိုးရ အကြားမှာ
အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၅ဝဝ ရင်းနှီးမြှုပ်နှံရေးကိစ္စ ညှိနှိုင်းရာမှာ အခက်အခဲ
တချို့ရှိနေတဲ့အတွက် လေလံတင်ဒါ ကိုယာယီ ရပ်ဆိုင်း ထားတာ ဖြစ်ပါတယ်။
အင်ချီယွန် ကုမ္ပဏီက
အတွေ့အကြုံအများကြီး ရှိပြီးသားဖြစ်လို့ ဘဏ္ဍာရေး ဆိုင်ရာ လေလံကိုသာ ထပ်မံ
ခေါ်ယူတာပါ။ နည်းပညာပိုင်း ဆိုင်ရာ တင်ဒါကိုတော့ မခေါ်ပါဘူး'' ဟု လေကြောင်း ပို့ဆောင်ရေး
ဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
No comments:
Post a Comment