ပြည်ခိုင်ဖြိုးပါတီဌာနချုပ်သို့ စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်မှ ပါတီဝင်များ လာရောက်လေ့လာ
စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တွဲဖက်အတွင်းရေးမှူးနှင့် စည်းရုံးရေးမှူး ၂၁ ဦးသည် မတ်လ (၅) ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံးနှင့် ရုံးအတွင်းရှိ သင်တန်းကျောင်း အဆောက်အအုံ များ၊ လွှတ်တော် ကိုယ်စားလှယ်များ တည်းခိုဆောင်တို့ကို ကြည့်ရှု့လေ့လာ ကြသည်။
ရှေးဦးစွာ ဌာနချုပ်ရုံးရှိ ဧည့်ခန်းမတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဌာနချုပ်ရုံး ဦးအောင်နိုင်ထွန်း၊ ဌာနမှူး ဦးတင်ဌေး၊ ဌာနခွဲမှူး ဦးမြသန်း တို့က မင်းကင်းမြို့နယ်ပါတီ တွဲဖက်အတွင်းရေးမှူး ဦးမျိုးအောင်ထွေး ဦးဆောင်သော ရပ်/ကျေးစည်းရုံးရေးမှူး ၂၀ တို့အား ကြိုဆိုနှုတ်ဆက် တွေ့ ဆုံကြပြီး ဌာနချုပ်မှူး ဦးအောင်နိုင်ထွန်း က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအဖြစ် ၂၀၁၀ ပြည့်နှစ်တွင် ပြောင်းလဲ ဖွဲ့စည်းခဲ့ပုံများနှင့် ပါတီဖွဲ့စည်းပုံ အဆင့်ဆင့် တို့ကို ရှင်းလင်းပြောကြားသည်။
ဌာနမှူး ဦးတင်ဌေးက ပါတီစည်းရုံးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မိမိတို့ပါတီဝင်များမှ ပြည်သူ လူထုနှင့် တစ်သားတည်း နေထိုင်နိုင်အောင် ကြိုးစားကြရန် အကြံပြုပြော ကြားခဲ့ပြီး ဌာနခွဲမှူး ဦးမြသန်းက ပါတီဌာနချုပ်ရုံးအတွင်း ကဏ္ဍအလိုက် ဖွဲ့စည်းလုပ်ကိုင်နေသော ဌာနများ၊ အဆင့်ဆင့်သော အစည်းအဝေးပွဲများ ကျင်းပသည့် အစည်းအဝေး ခန်းမဆောင်များနှင့် သင်တန်းကျောင်းရှိ သင်တန်း ပို့ချနေမှုများကို လိုက်လံ ရှင်းလင်းပြသခဲ့သည်။




No comments:
Post a Comment