Thursday, March 6, 2014

ယူကရိန်းနိုင်ငံကို လျှော့ဈေးနဲ့ သဘာဝဓာတ်ငွေ့ ရောင်းချတော့မှာ မဟုတ်ဘူးလို့ ပြောလိုက်သည့် " ပူတင် "

" ပူတင် " ဟာ ယူကရိန်း နိုင်ငံကို သဘာဝဓာတ်ငွေ့လျှော့ဈေးနဲ့ ရောင်းချဖို့ဖြုတ်ချခံရတဲ့ ယူကရိန်းသမ္မတ " ယာနျူကိုဗစ်ခ်ျ " နဲ့ ဒီဇင်ဘာလကသဘေတူညီမှု ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုလျှော့ဈေးနဲ့ ရောင်းချနေမှုကို အဆုံးသတ်တော့မယ်လို့  " ပူတင် " က သတင်းထောက်တွေကို အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။
ရှရှားအစိုးရဟာ ယူကရိန်းနိုင်ငံကို လျှော့ဈေးနဲ့ သဘာဝဓာတ်ငွေ့ရောင်းချတော့မှာမဟုတ်ဘူးလို့ ရှရှားသမ္မတပူတင်က သတင်းထောက်တွေကို အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။ ဇန်နာဝါရီက စတင်ပြီး သဘာဝဓာတ်ငွေ့ ၃၀ ရာခိုင်နှုန်းလျှော့ချပေးဖို့နဲ့ ယူကရိန်းနိုင်ငံကို ဘဏ္ဍာရေးအကူအညီ ဒေါ်လာ ၁၅ဘီလျံထောက်ပံ့ဖို့ ပူတင်နဲ့ ယူနျူကိုဗစ်ခ်ျတို့ဟာ ဒီဇင်ဘာလက သဘောတူညီချက်ရခဲ့ပါတယ်။
ယူကရိန်းနိုင်ငံဟာ ရှရှားနိုင်ငံကို သူတို့ဝယ်ယူထားတဲ့ သဘာဝဓာတ်ငွေ့ဖိုး ဒေါ်လာ ၂ဘီလျံ ပေးစရာရှိသေးပြီး ယူကရိန်းတာဝန်ရှိသူတွေဟာလည်း ဘဏ္ဍာရေးအကူအညီကနေရရှိတဲ့ငွေအချို့နဲ့ သဘာဝဓာတ်ငွေ့ဖိုးပြန်ဆပ်ဖို့ ကတိပေးထားပေမယ့် ဒီဂတိအတိုင်းမလိုက်နာခဲ့ဘူးလို့လည်း ပူတင်က ပြောကြားခဲ့ပါတယ်။
ref;mrtv-4

No comments:

Post a Comment

back to top