ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ(ပါတီဗဟိုကော်မတီဝင်) ရေရှည်ဖွံ့ဖြိုး တိုး တက်သော လူ့အဖွဲ့အစည်း ဖော်ဆောင်ရေး ဆင့်ပွားသင်တန်း အမှတ် စဉ် (၁)သို့ တက်ရောက်ပြီး သင်ခန်းစာများ ရှင်းလင်းပို့ချ
ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးထိန်လင်း (ပါတီဗဟိုကော်မတီဝင်) သည် မတ်လ ၁၇ ရက်နေ့ နံနက် ၉ နာရီ အချိန်က ရခိုင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး သင်တန်းခန်းမ၌ ရေရှည် ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့အစည်း ဖော်ဆောင်ရေး ဆင့်ပွားသင်တန်း အမှတ်စဉ် (၁)တွင် သင်ကြားပြသကြမည့် သင်တန်းနည်းပြ ဆရာ၊ ဆရာမများနှင့် ရခိုင်ပြည်နယ် မြို့နယ်အသီးသီးက သင်တန်း တက်ရောက်ကြမည့် ပါတီဝင် သင်တန်းသား (၇၂)ဦးတို့အား တွေ့ဆုံပြီး မြန်မာ့နိုင်ငံရေး အခင်းအကျင်းနှင့် ပြည်ခိုင်ဖြိုး ပါတီ၊ အစိုးရနှင့် လွှတ်တော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စရပ် များ၊ တပ်မတော်၏အခန်းကဏ္ဍ၊ မြန်မာနိုင်ငံနှင့် ဂလိုဘယ်လိုက်ဇေးရှင်း နှင့် ရခိုင်ပြည်နယ်၏ ပထ၀ီနိုင်ငံရေးအခြေအနေများ စသည့် ခေါင်းစဉ်များအား အကျယ်တ၀င့် ရှင်းလင်း ပို့ချခဲ့ပါသည်။
သင်တန်းပို့ချရာသို့ ရခိုင်ပြည်နယ် လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးသာညွန့်
(ဗဟိုကော်မတီဝင်)၊ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကိုကိုနိုင်
(ဗဟိုကော်မတီ ၀င်)၊ ပြည်နယ် အတွင်းရေးမှူး ဒေါက်တာစန်းရွှေ (ဗဟိုကော် မတီဝင်)၊
ပြည်နယ်တွဲဖက် အတွင်းရေးမှူး ဦးသန်းဝေ (ဗဟိုကော်မတီဝင်) နှင့်
ပြည်နယ်ကော် မတီဝင်များ၊ ခရိုင်ကော်မတီဝင်များ သင်တန်းဆိုင်ရာ
ဆပ်ကော်မတီဝင် များ တက်ရောက်ခဲ့ကြပါသည်။


No comments:
Post a Comment