Thursday, March 20, 2014

အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်း ကော့မှူးမြို့နယ် လေ့ လာရေး  အဖွဲ့ အား တွေ့ဆုံ


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းမှ နေပြည်တော် တွင် လေ့လာရေးခရီး ရောက်ရှိနေ ကြသော ရန်ကုန်တိုင်းဒေ သကြီး ကော့မှူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေး မှူး ဦးမြင့်ကြိုင် ခေါင်ဆောင်သော ရပ်မိရပ်ဖများ၊ ပါတီဝင်များ စုစုပေါင်း (၂၂၅) ဦးအား မတ်လ (၁၈)ရက်နေ့ ညနေ(၆း၀၀) နာရီအချိန် တွင် ပြည်ခိုင်ဖြိုးပါတီဌာနချုပ် အစည်း အဝေးခန်းမဆောင်၍ တွေ့ဆုံနှုတ် ဆက်စကား ပြောကြားသည်။
အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်း ကော့မှူးမြို့နယ် လေ့လာရေး အဖွဲ့အား တွေ့ဆုံ 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းမှ နေပြည်တော်တွင် လေ့လာရေးခရီး ရောက်ရှိနေ ကြသော ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးမြင့်ကြိုင် ခေါင်ဆောင်သော ရပ်မိရပ်ဖများ၊ ပါတီဝင်များ စုစုပေါင်း (၂၂၅) ဦးအား မတ်လ (၁၈)ရက်နေ့ ညနေ(၆း၀၀) နာရီအချိန် တွင် ပြည်ခိုင်ဖြိုးပါတီဌာနချုပ် အစည်း အဝေးခန်းမဆောင်၍ တွေ့ဆုံနှုတ် ဆက်စကား ပြောကြားသည်။ 
ထိုသို့တွေ့ဆုံရာတွင် အထွေထွေအတွင်းရေးမှူးဦးမောင်မောင်သိမ်းမှ မိမိတို့ ပါတီသည် ပြည်သူ့အကျိုး ပြုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဖွဲ့စည်း ထားသောပါတီဖြစ်ကြောင်း၊ ပါတီဝင်များအနေဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များကို အဆက်မပြတ် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ပြည်သူတို့၏ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးရမည်ဖြစ်ကြောင်း၊ အမျိုးသားနိုင်ငံရေးကို ဆက်လက်ဦးဆောင်ပြီး ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း ပြောကြားပြီး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လက်ရှိဆောင်ရွက်နေသော ပြည်သူ့အကျိုးပြုလုပ်ငန်း အခြေအနေများ၊ ပါတီ လုပ်ငန်းပိုင်းဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။ 
ဆက်လက်၍ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်းမှ လွှတ်တော်များဖွဲ့စည်းထားပုံနှင့် ကျင်းပပုံဆိုင်ရာ များ၊ လွှတ်တော်၏လုပ်ငန်းတာဝန်များ၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်များနှင့် ပတ်သက်၍ သိသင့် သိထိုက်သော အချက်အလက်များကို ရှင်းလင်းပြောကြားကာ တွံတေးမြို့ နယ်၊ ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ် မဲဆန္ဒနယ်မြေ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်ရွှေမှ ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးလုပ် ငန်းများ ပြုလုပ်ပေးနေမှုနှင့် ဆက်လက် ဆောင်ရွက်ပေးသွားမည့် အခြေ အနေများကို ရှင်းလင်း ပြောကြားခဲ့သည်။ 
ထို့နောက် အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိမ်းနှင့် လွှတ်တော် ကိုယ်စားလှယ်များမှ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး အမှတ်တရလက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြ သည်။ 
တွေ့ဆုံပွဲသို့ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းနှင်အတူ ရန်ကုန် တိုင်းဒေသကြီးပါတီ ယာယီအတွင်းရေးမှူး ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးသာဝင်းနှင့် ရန်ကုန်တိုင်းဒေသကြီးမှ ပြည်ခိုင်ဖြိုးပါတီဝင် ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များလည်း တက်ရောက် ကြကြောင်း သတင်းရရှိသည်။
ထိုသို့တွေ့ဆုံရာတွင် အထွေထွေအတွင်းရေးမှူးဦးမောင်မောင်သိမ်းမှ မိမိတို့ ပါတီသည် ပြည်သူ့အကျိုး ပြုလုပ် ငန်းများ ဆောင်ရွက်ရန်အတွက် ဖွဲ့စည်း ထားသောပါတီဖြစ်ကြောင်း၊ ပါတီဝင်များအနေဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များကို အဆက်မပြတ် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ပြည်သူတို့၏ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးရမည်ဖြစ်ကြောင်း၊ အမျိုးသားနိုင်ငံရေးကို ဆက်လက်ဦးဆောင်ပြီး ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း ပြောကြားပြီး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လက်ရှိဆောင်ရွက်နေသော ပြည်သူ့ အကျိုးပြုလုပ်ငန်း အခြေအနေများ၊ ပါတီ လုပ်ငန်းပိုင်းဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်းမှ လွှတ်တော်များဖွဲ့စည်းထားပုံနှင့် ကျင်းပပုံဆိုင်ရာ များ၊ လွှတ်တော်၏လုပ်ငန်း တာဝန်များ၊ ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်များနှင့် ပတ်သက်၍ သိသင့် သိထိုက်သော အချက် အလက်များကို ရှင်းလင်းပြောကြားကာ တွံတေးမြို့ နယ်၊ ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ် မဲဆန္ဒနယ်မြေ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်ရွှေမှ ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးလုပ် ငန်းများ ပြုလုပ်ပေးနေမှုနှင့် ဆက်လက် ဆောင်ရွက်ပေးသွားမည့် အခြေ အနေများကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိမ်းနှင့် လွှတ်တော် ကိုယ်စားလှယ်များမှ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး အမှတ်တရလက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြ သည်။
တွေ့ဆုံပွဲသို့ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းနှင်အတူ ရန်ကုန် တိုင်းဒေသကြီးပါတီ ယာယီအတွင်းရေးမှူး ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးသာဝင်းနှင့် ရန်ကုန်တိုင်းဒေသကြီးမှ ပြည်ခိုင်ဖြိုးပါတီဝင် ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များလည်း တက်ရောက် ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

back to top