Tuesday, March 18, 2014


ပရဟိတဘုန်းတော်ကြီးကျောင်းတွင် တံတားဦးပြည်ခိုင်ဖြိုးပါတီမှလုပ်အား ဒါန စုပေါင်းဆောင်ရွက်



မတ်လ (၁၅) ရက်နေ့က တံတားဦး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဘုရားကြီးကုန်းကျေး ရွာ ဘုရားကြီးပရဟိတ ဘုန်းတော်ကြီးကျောင်း ဝင်းတွင် သန့်ရှင်းရေးများ ဆောင်ရွက်ခြင်း၊ စာသင်ဆောင်များ သန့်ရှင်း နေ ရာချထားခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ကော်မတီဝင် မြို့နယ်တာဝန်ခံ ဦးစောဝင်း၊ မြို့နယ်ပါတီ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ စည်းရုံးရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပါတီဝင် လူငယ်များ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

Photo
PhotoPhoto

No comments:

Post a Comment

back to top