ကောက်ပဲသီးနှံများတွင် ပိုးကျခြင်းကို အသိပေးနိုင်သည့် Application တောင်သူများကို အခမဲ့ပေးမည်
မိုဘိုင်းလ်ဖုန်း
ကိုင်ဆောင်ထားသည့် တောင်သူ လယ်သမားများကို ကောက်ပဲသီးနှံများတွင် ပိုးမွှားနှင့်
ရောဂါများ ကျရောက်မှုကို အသိပေးနိုင်သည့် Application အခမဲ့ ဖြန့်ချိပေး သွားမည်
ဖြစ်ကြောင်း တောင်သူလယ်သမားများနှင့် သက်ဆိုင်သည့် နည်းပညာများ၊ ဗဟုသုတများ
ကူညီပေးနေသည့် Pro- ximity Design အဖွဲ့က ပြောကြားသည်။
အဆိုပါ
Application မှာ မြန်မာနိုင်ငံတွင် မတ်လ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပခဲ့သည့်
ပထမဦးဆုံးသော ‘Hackathon’ ပြိုင်ပွဲတွင် ပထမဆု ရရှိသည့် Application ဖြစ်ပြီး
လူငယ် IT ပညာရှင်များ ပါဝင်သည့် NilBug အဖွဲ့က တီထွင်လိုက်ခြင်း ဖြစ်သည်။
“ကျွန်တော် ကမ္ဘာ အရပ်ရပ်က Hackathon ပွဲတွေမှာ ပါဝင်ခဲ့ပါတယ်။ ဒီပွဲဟာ အကောင်းတကာ့
အကောင်းဆုံးတွေထဲက တစ်ခုပါ။ မြန်မာလူငယ်တွေ အခုလို လုပ်ပြနိုင်လိုက်တာကို
ကျွန်တော် တော်တော်လေး အံ့သြတယ်။ အဲဒါက မြန်မာနည်းပညာ နယ်ပယ်အတွက် တကယ်
အားတက် စရာပါပဲ” ဟု ယင်းပြိုင်ပွဲမှ ဒိုင်အဖွဲ့ဝင် Mr. Phil Morle က ဆိုသည်။
မြန်မာနိုင်ငံအတွင်းရှိ
ဒေသအများစုတွင် လယ်သမားများ ရင်ဆိုင်နေရသော ပိုးကျသည့် ပြဿနာကို အစိုးရ မဟုတ်သော အဖွဲ့တစ်ခုဖြစ်သည့်
Proximity Design က တင်ပြခြင်းဖြစ်ကာ NilBug အဖွဲ့က နည်းပညာဖြင့်
ကူညီဖြေရှင်းခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့ဝင် ဦးအာကာမင်းအောင်က ပြောကြားသည်။
“မြန်မာပြည် လူမှုပတ်ဝန်းကျင်ထဲမှာ တွေ့ကြုံခံစားနေရတဲ့ ပြဿနာတွေကို နည်းပညာကနေ ဘယ်လို ဖြေ ရှင်း သွားနိုင်သလဲ ဆိုတာကို Hackathon က ပြလိုက်နိုင်ပါတယ်” ဟု Internews မှ ဝါရင့် မဟာဗျူဟာ အကြံပေး Mr.David Madden က မှတ်ချက်ပေးသည်။
“မြန်မာပြည် လူမှုပတ်ဝန်းကျင်ထဲမှာ တွေ့ကြုံခံစားနေရတဲ့ ပြဿနာတွေကို နည်းပညာကနေ ဘယ်လို ဖြေ ရှင်း သွားနိုင်သလဲ ဆိုတာကို Hackathon က ပြလိုက်နိုင်ပါတယ်” ဟု Internews မှ ဝါရင့် မဟာဗျူဟာ အကြံပေး Mr.David Madden က မှတ်ချက်ပေးသည်။
‘Hackathon’
ပြိုင်ပွဲများသည် စီးပွားရေးနှင့် လူမှုနယ်ပယ် အသီးသီးတွင် ဖြစ်ပေါ်နေသော
အခက် အခဲများကို အချိန်တိုအတွင်း နည်းပညာဖြင့် ဖြေရှင်းနိုင်ရန် နည်းပညာ
နယ်ပယ်အတွင်းမှ လူငယ် ပညာရှင်များကို ယှဉ်ပြိုင်စေသည့် ပြိုင်ပွဲတစ်ခု ဖြစ်ပြီး
နိုင်ငံတကာတွင်မူ Google၊ Microsoft အစရှိသော နည်းပညာ ကုမ္ပဏီများနှင့် နည်းပညာ
ကျောင်းများက ဦးစီးကျင်းပလေ့ရှိသည်။
The
Voice Weekly
No comments:
Post a Comment