Thursday, March 20, 2014

လားရှိုးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကျေးရွာဓမ္မာရုံ တည်ဆောက်ရေးသို့ ပံ့ပိုးလှူဒါန်း ငွေပေးအပ်

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ် ကောင်းကြဲပိတ်ကျေးရွာအုပ်စု၊ နားမွန်းကျေးရွာတွင် တည်ဆောက်လျှက်ရှိသော ကိုယ့်အားကိုယ်ကိုး ကျေး ရွာဓမ္မာရုံသို့ လားရှိုးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပံ့ပိုးလှူဒါန်းငွေ ကျပ်(၁)သိန်းပေးအပ်ခြင်းကို မတ်လ(၆)ရက် နေ့လည်ပိုင်း တွင် အဆိုပါဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အလှူငွေပေးအပ်ပွဲတွင် မြို့နယ် ပြည်ခိုင်ဖြိုးအတွင်းရေးမှူးဦးအုန်းငွေမှ ခေတ် စနစ် ပြောင်းလဲလာမှုနှင့် ပြည်ခိုင်ဖြိုးပါတီ၏ မူဝါဒလုပ်ငန်းစဉ် သဘောထား များ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပြီး ပံ့ပိုး လှူဒါန်းငွေကို ပေးအပ်ရာ ရပ်မိရပ်ဖ ဥိးစိုင်းဆန်ထွန်းလူနှင့် အဖွဲ့တို့မှ လက်ခံ ရယူကာ၊ နားမွန်းကျေးရွာသူကြီး  ဦးစိုင်းညက်က ကျေးဇူးတင် ၀မ်းမြောက်ကြောင်း ပြန်လည် ပြောကြားသည်။
အဆိုပါကျေးရွာဓမ္မာရုံသည် အလျား(၅၂)ပေ၊ အနံ(၁၈)ပေရှိပြီး အုတ်ညှပ် သွပ်မိုး တစ်ထပ်ဖြစ်ကာ ကျေးရွာလူထု စုဆောင်းငွေ ကျပ်သိန်း (၂၀)ဖြင့် တည်ဆောက်နေကြောင်းသိရသည်။
အုန်းငွေ(လားရှိုး)
အလှူငွေပေးအပ်ပွဲတွင် မြို့နယ် ပြည်ခိုင်ဖြိုးအတွင်းရေးမှူးဦးအုန်းငွေမှ ခေတ် စနစ် ပြောင်းလဲ လာမှုနှင့် ပြည်ခိုင်ဖြိုးပါတီ၏ မူဝါဒလုပ်ငန်းစဉ် သဘောထား များ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပြီး ပံ့ပိုး လှူဒါန်းငွေကို ပေးအပ်ရာ ရပ်မိရပ်ဖ ဥိးစိုင်းဆန်ထွန်းလူနှင့် အဖွဲ့တို့မှ လက်ခံ ရယူကာ၊ နားမွန်းကျေးရွာသူကြီး ဦးစိုင်းညက်က ကျေးဇူးတင် ၀မ်းမြောက်ကြောင်း ပြန်လည် ပြောကြားသည်။
အဆိုပါကျေးရွာဓမ္မာရုံသည် အလျား(၅၂)ပေ၊ အနံ(၁၈)ပေရှိပြီး အုတ်ညှပ် သွပ်မိုး တစ်ထပ်ဖြစ်ကာ ကျေးရွာလူထု စုဆောင်းငွေ ကျပ်သိန်း (၂၀)ဖြင့် တည်ဆောက်နေကြောင်းသိရသည်။

No comments:

Post a Comment

back to top